Home

မဲခေါင်သတင်း

မှကြိုဆိုပါတယ်

  • မြန်မာနိုင်ငံမှအာဏာသိမ်းမှုမအောင်မြင်စေရေး ဆောင်ရွက်ကြရန် ကမ္ဘာ့နိုင်ငံများကို ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် တိုက်တွန်း

    February 4, 2021 by

    နယူးယောက်၊ ဖေဖော်ဝါရီ ၄ မြန်မာနိုင်ငံတွင် တနင်္လာနေ့ကဖြစ်ခဲ့သည့်အာဏာသိမ်းမှုမအောင်မြင်စေရန် ပြုလုပ်ကြရေး ကမ္ဘာ့အသိုက်အဝန်းကို ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတားရက်စ်က တိုက်တွန်းသည်။ ရွေးကောက်ပွဲရလဒ်ကိုပြောင်းလဲခြင်းသည် လက်ခံနိုင်ဖွယ်မရှိကြောင်းလည်းပြောပြီး နိုင်ငံကိုအုပ်ချုပ်ရန်နည်းလမ်းမရှိကြောင်း အာဏာသိမ်းခေါင်းဆောင်များကို နားလည်အောင်လုပ်ရမည်ဟုလည်း ဝါရှင်တန်ပို့စ်သတင်းစာနှင့် တွေ့ဆုံမေးမြန်းမှုတွင်ဖော်ပြသည်။ ကုလသမဂ္ဂလုံခြုံရေးကောင်စီက ထုတ်ပြန်ချက်တရပ်အတွက် ဆွေးနွေးနေသော်လည်း တရုတ်နိုင်ငံက အာဏာသိမ်းမှုကိုရှုတ်ချသည့် စကားလုံးများကို ပိတ်ဆို့မည်ဟုခန့်မှန်းထားသည်။ တပ်မတော်က အာဏာထိန်းချုပ်လိုက်ချိန်တွင် ရွေးကောက်ခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ထိန်းသိမ်းထားသည်။ ဖေဖော်ဝါရီ ၁၅ ရက်အထိ ဒေါ်အောင်ဆန်းစုကြည်ကိုထိန်းသိမ်းထားရန် ရဲတပ်ဖွဲ့က စွဲချက်များစွာတင်ထားသည်။ အာဏာထိန်းသိမ်းပြီးနောက်ပိုင်း မစ္စ စုကြည်သာမက ဖြုတ်ချခံရသည့်သမ္မတ ဦးဝင်းမြင့်ထံမှ တစုံတရာကြားရခြင်းမရှိသေးချေ။ တပ်မတော်ဦးစီးချုပ်ဦးဆောင်သည့် အာဏာသိမ်းမှုနောက်ပိုင်း အဖွဲ့ဝင် ၁၁ ယောက်ပါသည့်စစ်အစိုးရကိုဖွဲ့စည်းထားသည်။ မစ္စ စုကြည်၏အန်အယ်ဒီပါတီက ပြတ်ပြတ်သားသားအနိုင်ရခဲ့သော နိုဝင်ဘာရွေးကောက်ပွဲတွင် မဲသမာမှုအကြီးအကျယ်ရှိသည်ဟုစွပ်စွဲပြီး တရားမျှတမှုရှိစေရန်လုပ်ဆောင်နေသည်ဟု တနှစ်ကြာအရေးပေါ်အခြေအနေ ကြေညာထားသည့်တပ်မတော်ကပြောထားသည်။… Read more

  • စပ်စံထွန်းဆေးရုံဖဲကြိုးနီလှုပ်ရှား

    February 4, 2021 by

    [U] တောင်ကြီးမြို့ စဝ်စံထွန်းဆေးရုံမှ ကျန်းမာရေးဝန်ထမ်းများသည် တပ်မတော်မှ ပြည်သူ့အစိုးရထံကနေ အဓမ္မအာဏာသိမ်းယူခြင်းကို ဆန့်ကျင်ကန့်ကွက်ကြောင်း ဖဲကြိုးနီလှုပ်ရှားမှုကို ယနေ့ (ဖေဖော်ဝါရီလ ၄ ရက်)၊ နံနက်ပိုင်းက ပြုလုပ်ခဲ့ကြောင်း သိရသည်။#MeKongNews [Z] တောင်ကြီးမြို့ စဝ်စံထွန်းဆေးရုံမှ ကျန်းမာရေးဝန်ထမ်းများသည် တပ်မတော်မှ ပြည်သူ့အစိုးရထံကနေ အဓမ္မအာဏာသိမ်းယူခြင်းကို ဆန့်ကျင်ကန့်ကွက်ကြောင်း ဖဲကြိုးနီလှုပ်ရှားမှုကို ယနေ့ (ဖေဖော်ဝါရီလ ၄ ရက်)၊ နံနက်ပိုင်းက ပြုလုပ်ခဲ့ကြောင်း သိရသည်။#MeKongNews

View all posts

Follow My Blog

Get new content delivered directly to your inbox.

Design a site like this with WordPress.com
Get started