ရပ်ဆိုင်းမှုဟာ ၆ လ အတွင်း စတင်မည်ဖြစ်သည်

Reuters Photo

ဝါရှင်တန်၊ အောက်တိုဘာ ၂၆

ထိုင်းနိုင်ငံက ထုတ်လုပ်တင်သွင်းသည့် ထုတ်ကုန်အချို့အတွက် အခွန်ကင်းလွတ်ခွင့်ကို ရပ်ဆိုင်းမည်ဖြစ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သောကြာနေ့က ပြောဆိုသည်။

နိုင်ငံတကာက အသိအမှတ်ပြုသည့် အလုပ်သမားအခွင့်အရေးကြိုးပမ်းမှုတွင် ထိုင်းနိုင်ငံက လိုက်ပါဆောင်ရွက်ခြင်း မရှိသည့်အတွက် ထိုင်းထုတ်ကုန်အချို့ကို အခွန်ကင်းလွတ်ခွင့် ရပ်ဆိုင်းသွားမည်ဖြစ်ကြောင်း ဒေါ်နယ်ထရမ့်က အထက်လွှတ်တော်ဥက္ကဌ နန်စီနှင့် အောက်လွှတ်တော်ဥက္ကဌ ဒုတိယသမ္မတ မိုက်ပန့်စ်တို့ထံ ပေးပို့သည့် စာတွင် ရေးသားထားသည်။

အခွင်ကင်းလွတ်ခွင့် ရပ်ဆိုင်းမည့် ကုန်သွယ်မှုပမာဏဟာ အမေရိကန်ဒေါ်လာ ၁ ဒဿမ ၃ ဘီလီယံ(ထိုင်းဘတ် ၄၀ ဘီလီယံခန့်) ရှိမည်ဖြစ်ကြောင့် အမေရိကုန် ကုန်သွယ်ရေးကိုယ်စားလှယ်ရုံးက ပြောသည်။

အဆိုပါ အခွန်ကင်းလွတ်ခွင့်သည် ထိုင်းနိုင်ငံအတွက် အထူးအခွန်ကင်းလွတ်ခွင့် – GSP အစီအစဉ်အောက်မှ ရရှိထားသည့် ရရှိထားခြင်းဖြစ်သည်။
အခွန်ကင်းလွတ်ခွင့် ရပ်ဆိုင်းခြင်းသည် ၆ လအတွင်း စတင်မည်ဖြစ်ပြီး ထိုင်းနိုင်ငံ ကုန်သွယ်မှုအစီအစဉ်အောက်ရှိ ကုန်ပစ္စည်း ၃ပုံ ၁ပုံခန့်အပေါ် သက်ရောက်မှုရှိမည် ဖြစ်သည်။

အလုပ်သမာအရေးနှင့် ပတ်သက်ပြီး ပြသနာရှိနေသည့် ထိုင်းရေထွက်ကုန်ပစ္စည်းများအားလုံး အမေရိကန်နိုင်ငံသို့ တင်ပို့ရာတွင် အခွန်ကင်းလွတ်ခွင့်ကို ဆုံးရှုံးရမည်ဖြစ်ကြောင်း အမေရိကန် ကုန်သွယ်ရေးကိုယ်စားလှယ်ရုံးက ပြောဆိုသည်။

MK 001

Ref: Bangkok Post

Leave a comment

Design a site like this with WordPress.com
Get started