
ဘန်ကောက်၊ နိုဝင်ဘာ ၈
မှန်းချက်ထက်ကျော်လွန်သည့်ထိုင်းလယ်သမားများကြောင့် ဆန်အမတော်ကြေးရန်ပုံငွေသို့ ဘတ်သန်း ၂၆၀ဝ အနည်းဆုံးထပ်မံဖြည့်ရမည်ဟု ထိုင်းစိုက်ပျိုးရေးနှင့်စိုက်ပျိုးရေးသမဝါယမများဘဏ်ကပြောသည်။
လျှောက်ထားသူစုစုပေါင်း ၄.၄ သန်းရှိပြီး မှန်းချက်ထက် လူ ၉ သောင်းကျော်နေသဖြင့် ဘတ်သန်း ၂၆၀ဝ လိုနေခြင်းဟု ဘဏ်ဥက္ကဋ္ဌအပီရွန် ဆွတ်ပရာဆာ့တ်ကပြောသည်။
ထိုင်းတောင်ပိုင်းမှလယ်သမားများမှတ်ပုံမတင်ရသေးသဖြင့် ရန်ပုံငွေပိုရှာရချေရှိသည်ဟုလည်း ဆိုသည်။
ပုံမှန်အားဖြင့် ထိုင်းတောင်ပိုင်းတွင် တခြားနေရာများထက် ကောက်ရိတ်ချိန်လပိုင်းနောက်ကျသည်။
ထိုင်းအစိုးရ၏စိုက်ပျိုးရေးအကူအညီအစီအစဉ်များတွင် တချို့သောသီးနှံများအတွက် ဈေးနှုန်းအာမခံခြင်းလည်းပါဝင်သည်။
၂၀၁၈ ခုနှစ်၊ နိုဝင်ဘာတွင် ၂၀၁၈- ၂၀၁၉ စိုက်ပျိုးရေးရာသီစတင်ပြီးနောက် ထိုင်းအစိုးရက အမတော်ကြေးအတွက် ဘတ်သန်း ၂၄၈၀ဝ ရန်ပုံငွေသတ်မှတ်ထားသည်။
အစီအစဉ်အရ တစ်အိမ်အတွက် တစ်ရိုင်လျှင် ဘတ် ၅၀ဝ နှုန်းဖြင့် ရိုင် ၂၀ စာအထိထောက်ပံ့ရန်စီစဉ်ထားသည်။
ထိုင်းအစိုးရ၏လယ်သမားများဝင်ငွေအာမခံရေးကော်မတီက ဆန်၊ ရော်ဘာ၊ သာကူစေ့၊ ဆီအုန်းနှင့် ပြောင်းတို့အတွက် ကောက်ပဲသီးနှံဈေးနှုန်းအာမခံသတ်မှတ်ပေးထားသည်။
Source-Bangkok Post
Photo-Bangkok Post
Ohkkar