တာချီလိတ်၊ ဒီဇင်ဘာ ၄
ထောက်ခံပွဲကို ဒီဇင်ဘာလ ၁၀ရက် နံနက် ၇နာရီမှ ၁၁နာရီအထိ တာချီလိတ်မြို့၊ ရှမ်းရိုးမကွင်းတွင် ကျင်းပသွားမည် ဖြစ်ပြီး ထောက်ခံစီတန်းလှည့်လည်ခြင်း၊ ဟောပြောခြင်းတို့ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။
ထောက်ခံပွဲကို ဒီဇင်ဘာလ ၁၀ရက် နံနက် ၇နာရီမှ ၁၁နာရီအထိ တာချီလိတ်မြို့၊ ရှမ်းရိုးမကွင်းတွင် ကျင်းပသွားမည် ဖြစ်ပြီး ထောက်ခံစီတန်းလှည့်လည်ခြင်း၊ ဟောပြောခြင်းတို့ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

နံနက် ၇နာရီတွင် ရှမ်းရိုးမကွင်း၌ စတင်လူစုပြီး ဘာသာကြီးလေးရပ်မှ ဘာသာရေးခေါင်းဆောင်များနှင့် ထောက်ခံပွဲဖြစ်မြောက်ရေး ကော်မတီမှ တာဝန်ရှိသူများအပါအဝင် ဟောပြောသူ (၆)ဦးမှ ဆွေးနွေးဟောပြောသွားမည် ဖြစ်ကြောင်း ထောက်ခံပွဲဖြစ်မြောက်ရေး ကော်မတီမှ သိရသည်။
ဟောပြောပွဲကို နံနက် ၁၀နာရီတွင်အဆုံးသတ်ပြီး ရှမ်းရိုးမကွင်းမှ အမှတ်(၁) ချစ်ကြည်ရေးတံတား အနီးရှိ အဝိုင်းအထိ စီတန်းလှည့်လည်ပြီး အဆိုပါအဝိုင်းအနီးတွင် လူစုခွဲကာ ထောက်ခံပွဲကို အဆုံးသတ်မည် ဖြစ်ကြောင်း သိရသည်။

စီတန်းလှည့်လည်ရာ လမ်းတစ်လျှောက်တွင် နိုင်ငံတော်အတိုင်ပင်ခံ ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့အား ထောက်ခံကြောင်း၊ နိုင်ငံတကာမှ မီဒီယာများ တရားမျှတမှု ရှိစေရေး တောင်းဆိုကြောင်းတို့ကို ကြွေးကြော်သွားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါထောက်ခံပွဲတွင် တာချီလိတ်မြို့ရှိ အစိုးရဝန်ထမ်းများ၊ တိုင်းရင်းသားအဖွဲ့ပေါင်းစုံနှင့် ဘာသာရေးအဖွဲ့အားလုံးမှ ကိုယ်စားလှယ်များ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။
MK-001
#MeKongNews