
တာချီလိတ်၊ ဒီဇင်ဘာ ၈
တာချီလိတ်မြို့၊ ဝိန်းကျောက်ရပ်ကွက်ရှိ ဆောက်လုပ်ရေး လုပ်ငန်းခွင် တစ်ခုတွင် ဒီဇင်ဘာလ ၈ရက်၊ နေ့လည် ၁နာရီခွဲခန့်က လူတစ်ဦး လေးထပ်အမြင့်ပေါ်မှ ပြုတ်ကျကာ သေဆုံးသွားကြောင်း သိရသည်။
ကိုခင်မောင်သန်း(၄၂) (ဘ)ဦးဘိုးဆောင် ပါလျံ ကွပ်သစ်ရပ်ကွက်နေသူသည် နေ့လည် ၁နာရီခွဲအချိန်က အိမ်အမှတ် ဝက (ခ) ၂၄၄ Sun Moon Light Private Primary School မြန်မာ/အင်္ဂလိပ်ကိုယ်ပိုင်မူလတန်းကျောင်း ဝိန်းကျောက်ရပ်ကွက်ရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်လုပ်ကိုင်ရာမှ မြေညီထပ်ပါ လေးထပ်အဆောက်အဦးအပေါ်မှ ပြုတ်ကျသေဆုံးသွားခြင်းဖြစ်ကြောင်း သိရသည်။