တာချီလိတ်၊ ဒီဇင်ဘာ ၈

မဟာမြတ်မုနိ ဘုရားကြီးကျောင်းတိုက်၊ ကျောင်းထိုင်ဆရာတော် အဂ္ဂမဟာသန္ဒမ္မဇောတိကဓဇ ဘဒ္ဒန္တပညာသာမိ ပျံလွန်တော်မူသွားပြီးနောက် လစ်လပ်နေသည့် ပဓာနနာယကဆရာ်တော် နေရာတွင် ပဓာနနာယက ဆရာတော်အသစ် တင်မြှောက်ပူဇော်ပွဲကို ဒီဇင်ဘာလ ၈ရက် နံနက်ပိုင်းက တာချီလိတ်မြို့၊ မဟာမြတ်မုနိဘုရားကြီး ကျောင်းတိုက်တွင် ပြုလုပ်သည်။

ပဓာနနာယကဆရာတော်သစ်ဖြစ်သည့် အရှင်အာဒိစ္စဝံသာလင်္ကာရ /Photo by MeKong News

မဟာမြတ်မုနိဘုရားကြီးကျောင်းတိုက်မှ တိုက်အုပ်နာယက စာချဆရာတော် အရှင်အာဒိစ္စဝံသာလင်္ကာရအား ကျောင်းတိုက်အပ်နှံပွဲနှင့် ပဓာနနာယကဆရာတော် အဖြစ် တင်မြှောက်ပူဇော်ပွဲကြို ဒီဇင်ဘာလ ၇ရက်နှင့် ၈ရက် ၂ရက်ဆက်တိုက် ပြုလုပ်ခဲ့ပြီး ဒီဇင်ဘာလ ၈ရက်တွင် တာချီလိတ်မြို့၊ နဂါးနှစ်ကောင်ဆရာတော်မှ အရှင်အာဒိစ္စဝံသာလင်္ကာရအား ကျောင်းတိုက်အပ်နှံပြီး ပဓာနာယက ဆရာတော်အဖြစ် တင်မြှောက်ခဲ့သည်။

အဆိုပါ အခမ်းအနားသို့ နဂါးနှစ်ကောင်ဆရာတော်၊ ရှမ်းပြည်နယ်အရှေ့ပိုင်း သံဃာ့နာယကအဖွဲ့နာယက ကောင်းမူခမ်းဆရာတော်၊ ရှမ်းပြည်နယ်အရှေ့ပိုင်း သံဃာ့နာယက ဥက္ကဌ ဒူးယားကျောင်းဆရာတော်၊ ဂုံရှမ်းသံဃာ့နာယကအဖွဲ့ချုပ် ကျိုင်းခုံးဆရာတော်၊ ဝစီပိတ်ဆရာတော်နှင့် ဒမောဒယကျောင်းဆရာတော် အပါအဝင် ပင့်သံဃာ ၁၂၀ ကြွရောက်ခဲ့ပြီး တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်အပါအဝင် ဒါကာ၊ ဒါကာမများက လှူဘွယ်ပစ္စည်းများ လောင်းလှူကြသည်။

ပဓာနနာယကဆရာတော်သစ်ဖြစ်သည့် အရှင်အာဒိစ္စဝံသာလင်္ကာရ /Photo by MeKongNews

ပဓာနနာယကဆရာတော်သစ်ဖြစ်သည့် အရှင်အာဒိစ္စဝံသာလင်္ကာရသည် သက်တော် (၄၃)၊ ဝါတော် (၂၂) ရှိပြီဖြစ်သည်။

MK – 001

MeKongNews

ကြွရောက်လာသည့်လူထုပရိသတ်များ/Photo by MeKong News

Leave a comment

Design a site like this with WordPress.com
Get started