
တာချီလိတ်၊ ဒီဇင်ဘာ ၁၅
တာချီလိတ်မြို့၊ ဆေခမ်းရပ်ကွက်၊ လယ်ကွင်းအနီးရှိ နေအိမ်တစ်လုံးအတွင်း မူးယစ်ဆေးဝါးလက်လီရောင်းချသူ တစ်ဦးကို ဒီဇင်ဘာ ၁၅ ရက်နံနက်ပိုင်းက ဖမ်းဆီးရမိသည်။
ဒီဇင်ဘာ ၁၅ ရက်နံနက် ၉ နာရီခွဲတွင် မူးယစ်တပ်ဖွဲ့စု(၃၀)တာချီလိတ်မှ တာဝန်ရှိသူများ ပါဝင်သော အဖွဲ့သည် သက်သေများနှင့်အတူ တာချီလိတ်မြို့၊ ဆေခမ်းရပ်ကွက်၊ လယ်ကွင်းအနီးရှိ ဦးလီတီး၏ နေအိမ်အား မူးယစ်ဆေးဝါးသတင်းအရ ဝင်ရောက်ရှာဖွေရာ လီတီးအား နေအိမ်တွင် အသင့်တွေ့ရှိရပြီး ၎င်းအိပ်သည့် အိပ်ရာဘေးရှိ အဖြူရောင် ပလပ်စတစ်အိတ်ဖြင့် ထည့်လျက် WY စာတမ်းပါ လိမ္မော်ရောင် စိတ်ကြွဆေးပြားဟု ယူဆရ သော ဆေးပြား ၁၁၆ ပြား၊ အလေးချိန် ၁၁ ဒသမ ၆ ဂရမ်ခန့်(ကာလတန်ဖိုးငွေကျပ် ၁၁၆၀၀၀)အားလည်းကောင်း၊ ဘိန်းစိမ်းဟု ယူဆရသော အမဲရောင် အစေး အလေးချိန် ၃၀ ဂရမ်ခန့်(ကာလတန်ဖိုးငွေကျပ် ၄၅၀၀၀)အား ရှာဖွေတွေ့ရှိသဖြင့် သက်သေများရှေ့ရှာဖွေပုံစံဖြင့် သိမ်းဆည်းခဲ့သည်။
အမှုမှ မူးယစ်ဆေးဝါးများအား လက်ဝယ်တွေ့ရှိသူ လီတီး(၄၇ နှစ်)၊ ဆေခမ်းရပ်ကွက်၊ တာချီလိတ်မြို့နေသူကို တာချီလိတ်မြို့မရဲစခန်းက မယ(ပ) ၁၄၉/၂၀၁၉၊ မူး/စိတ်ပုဒ်မ ၁၉(က)ဖြင့် အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။
MK-002