မြောက်ပိုင်း(၄)ဖွဲ့နှင့် NRPC တို့ စက်တင်ဘာလအတွင်းက ကျိုင်းတုံတွင်တွေ့ဆုံစဉ်/ Photo by MPA

တာချီလိတ်၊ ဒီဇင်ဘာ ၁၆

အပစ်ရပ်လက်မှတ်ထိုးရန် ဆွေးနွေးနေသည့် မြောက်ပိုင်းမဟာမိတ်(၄)ဖွဲ့နှင့် ပြည်ထောင်စုငြိမ်းချမ်းရေး ကော်မရှင် – NRPC တို့ ဒီဇင်ဘာလ ၁၅ရက်က တရုတ်နိုင်ငံ၊ ကူမင်းမြို့တွင် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း NRPC အကြံပေးအဖွဲ့ဝင် ဦးလှမောင်ရွှေက အတည်ပြုပြောဆိုသည်။

မြောက်ပိုင်း(၄)ဖွဲ့နှင့် တွေ့ဆုံဆွေးနွေးခဲ့သည့် ငြိမ်းချမ်းရေးကော်မရှင်အဖွဲ့ဝင်များ ယနေ့တွင် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိပြီဖြစ်ကြောင်း ဦးလှမောင်ရွှေက မဲခေါင်သတင်းဌာနသို့ပြောသည်။

“တွေ့ဆုံတာတော့ အတည်ပြုလို့ရတယ်။ သူတို့(ငြိမ်းချမ်းရေးကော်မရှင်အဖွဲ့ဝင်များ)ဒီနေ့ပြန်ရောက်တယ်။ ဘာတွေဆွေးနွေးခဲ့လဲတော့ ပြောလို့မရသေးဘူး” ဟု ၎င်းက ပြောသည်။

မဲခေါင်သတင်းဌာန၏ သတင်းရင်းမြစ်တစ်ဦးပြောကြားချက်အရ ယမန်နေ့က တွေ့ဆုံမှုတွင် ပြည်တွင်း၌ ဇန်နဝါရီလ လကုန်ပိုင်းတွင် ထပ်မံတွေ့ဆုံရန် နှစ်ဖက်ကိုယ်စားလှယ်များ ဆွေးနွေးခဲ့ကြောင်း သိရသည်။

ကျိုင်းတုံမြို့တွင် စက်တင်ဘာလအတွင်း တွေ့ဆုံခဲ့သည့် တွေ့ဆုံမှုအပြီး မြောက်ပိုင်းတပ်ဖွဲ့များနှင့် NRPC တို့အကြား ထပ်မံတွေ့ဆုံနိုင်ခြင်းမရှိဘဲ ဒီဇင်ဘာလ ၁၅ရက်မှသာ တရုတ်နိုင်ငံတွင် တွေ့ဆုံခဲ့ရခြင်းဖြစ်သည်။

MK-001

MeKongNews

Leave a comment

Design a site like this with WordPress.com
Get started