
ဘန်ကောက်၊ ဒီဇင်ဘာ ၁၉
ထိုင်းနိုင်ငံ၊ ခွန်ကန်ခရိုင်မှာ အမျိုးသမီးတစ်ယောက်ကို သူ့အိမ်ထဲမှာသတ်ခဲ့ကြောင်းဝန်ခံထားတဲ့ လွတ်ငြိမ်းချမ်းသာခွင့်ရထားသောကွင်းဆက်လူသတ်သမားဆွမ်ကစ် ပမ်ပေါင်က ဖိအားများလွန်းသောကြောင့် ကျူးလွန်မှုပြန်သရုပ်ပြရန်ငြင်းဆိုခဲ့သည်ဟု ထိုင်းရဲများက ကြာသပတေးနေ့တွင်ပြောသည်။
သေဆုံးသူ ရက်ဆာမီ မူလီချန် ၅၁ နှစ်ကိုသတ်ခဲ့ကြောင်းဝန်ခံခဲ့ပေမဲ့ ဖိအားများသဖြင့် ဆရာဝန်တစ်ယောက်နှင့်ပြသစစ်ဆေးလိုကြောင်းတောင်းဆိုခဲ့သည်ဟု ထိုင်းဒေသ ၄ ပြည်နယ်ရဲချုပ် ဒုတိယရဲဗိုလ်ချုပ်ကြီး ချာရောင်ဝတ် ဆရီဝါနစ်ကပြောသည်။
သွေးတက်သက်သာအောင် ဆေးပေးထားပြီး ပြန်သရုပ်ပြရန်မလိုသည့်သူ့အခွင့်အရေးကို ကျင့်သုံးခဲ့သည်။
အိမ်မှထွက်ပြေးခဲ့သည့်လမ်းကြောင်းကိုသရုပ်ပြန်ရန် သဘောတူခဲ့သည်။
ပြန်သရုပ်ပြခြင်းဖြင့် ဖြစ်စဉ်အားပြန်သတိရစေပြီး စိတ်ဖိအားအလွန်များစေသည်ဟု ဆွမ်ကစ် ပြောသည်ဟုလည်း ကရာနောင်ရဲမှူးခါဂျွန်ရစ် ဝေါင်ဂရတ်ကပြောသည်။

ကြာသပတေးနေ့မနက်ပိုင်းတွင် ကရာနောင်ရဲစခန်းရှေ့တွင် လူရာဂဏန်းစုဝေးပြီး ဆွမ်ကစ်ကိုသေဒဏ်ပေးရန် တောင်းဆိုခဲ့သည်။
၂၀ဝ၅ ခုနှစ်တွင် အမျိုးသမီ ၅ ဦးကိုသတ်ခဲ့သည့်ဆွမ်ကစ်ကို ထိုင်းမီဒီယာများတွင် ၁၉ ရာစု၊ လန်ဒန်မြို့က အမျိုးသမီးများကို သတ်ဖြတ်ခဲ့သည့် Jack the Ripperကို အမှီးပြု၍ ထိုင်းနိုင်ငံ၏Jack the Ripperဟုဖော်ပြနေကြပြီး သူ့ကို ထောင်တစ်သက်ချခဲ့သော်လည်း ယခုနှစ်မေတွင် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့်ပြန်လွှတ်ခဲ့ခြင်းကို စုဝေးခဲ့သူများက ထောက်ပြနေသည်။
ယခုလူသတ်မှုကြောင့် ထိုင်းတရားရေးဝန်ကြီးဌာနက ဆိုးရွားသောအမှုများတွင်ပါဝင်ခဲ့သည့် အကျဉ်းသားများနှင့် အကျဉ်းသားဟောင်းများစောင့်ကြည့်ရေး အထူးကော်မတီတစ်ရပ်ဖွဲ့စည်းခဲ့သည်။
အများပြည်သူဘေးကင်းရေးအတွက် ထောင်မှလွတ်သွားသည့်တိုင် ထိုအကျဉ်းသားများကို စောင့်ကြည့်ထိန်းချုပ်ရန် အထူးလုပ်ငန်းစဉ်များလိုအပ်သည်ဟုလည်း ထိုင်းတရားရေး ဝန်ကြီးဌာနကပြောသည်။
Source-Bangkok Post
ဥက္ကာ #MeKongNews
Photo-Royal Thai Police