
ဘန်ကောက်၊ ဒီဇင်ဘာ ၂၀
လာမည့် ၂၀၂၀ ပြည့်နှစ်တွင် ဝင်ငွေနည်းသူများကိုကူညီရန် အကူအညီအစီအစဉ်များကို ထိုင်းအစိုးရက ဆက်လက်အတည်ပြုထားသည်။
လူ့အသိုက်အဝန်းတွင် အခွင့်အရေးပိုနည်းသူများကိုကူညီရန် နောက်ထပ်လုပ်ငန်းများ အစိုးရက စီစဉ်နေသည်ဟု ဒုတိယဝန်ကြီးချုပ် ဆွမ်ကစ် ဂျာတူဆရီပီတတ်ကပြောသည်။
ဆင်းရဲမှုတိုက်ဖျက်ပြီး ဝင်ငွေကွာဟမှုလျှော့ချရန် ပိုမိုခိုင်မာသော အရေးယူဆောင်ရွက်မှုများ လိုနေသည်ဟုလည်း ပြောသည်။
ထိုင်းရင်းနှီးမြှုပ်နှံမှုဘုတ်အဖွဲ့အနေနှင့် စိုက်ပျိုးရေး၊ ခရီးသွားနှင့် ဝန်ဆောင်မှုကဏ္ဍများတွင် ထုတ်လုပ်မှုအတွက် လိုအပ်သည့်စီးပွားရေးလုပ်ငန်းများကို ပိုမြှင့်တင်ပေးသင့်ကြောင်းလည်း ဆွမ်ကစ်ကပြောသည်။
ထိုင်းဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနများ၏ကူညီမှုနှင့် ပုဂ္ဂလိကကုမ္ပဏီကြီးများထံမှ အထောက်အကူများနှင့် အများပါဝင်နိုင်သော ရင်းနှီးမြှုပ်နှံမှုအထူးအခွင့်အလမ်းများကို အစီအစဉ်သစ်များက ကမ်းလှမ်းသင့်သည်ဟုလည်း ပြောသည်။
ဆန်စက်များ၊ လယ်ယာထွက်ကုန်အခြေခံများ အခြောက်ခံခြင်းနှင့် လယ်ယာထွက်ကုန်လုပ်ငန်း ဆောင်ရွက်ခြင်းများတွင် ရင်းနှီးမြှုပ်နှံမှုများကိုလည်း ခြုံငုံမိသင့်သည်ဟုပြောသည်။
ဖေဖော်ဝါရီတွင် ထိုင်းဝန်ကြီးချုပ်သဘာပတိ အဖြစ်ဆောင်ရွက်မည့် ထိုင်းရင်းနှီးမြှုပ်နှံမှု ဘုတ်အဖွဲ့အစည်းအဝေးတွင် လုပ်ဆောင်မှုအသစ်များကို မိတ်ဆက်မည်ဟုလည်း ဆွမ်ကစ်ကပြောသည်။
Source-Bangkok Post
ဥက္ကာ #MeKongNews
Photo- Bangkok Post