
ဘန်ကောက်၊ ဒီဇင်ဘာ ၂၅
ဆာမွတ်ဆာခွန်ခရိုင်ရှိ ဘုန်းတော်ကြီးတစ်ပါးကို ဗလက်ကာယလုပ်မှုနှင့် အသက်မပြည့်သေးသူများကိုစော်ကားမှုအပါအဝင် အမှု ၅ မှုဖြင့် ဖမ်းဆီးခဲ့သည်။
ကိုရင် ၃ ပါးက လိင်ပိုင်းစော်ကားခံခဲ့ရသည်ဟုပြောခဲ့ပြီးနောက် ဖမ်းဆီးခဲ့ဖြင်းဖြစ်သည်။
လူကုန်ကူးမှုတိုက်ဖျက်ရေးဌာနတပ်မှူးကြီး ရဲဗိုလ်ချုပ်ဝိုရာဝတ် ဝတ်နက်ခွန်ဘန်ချာက ဆာမွန်ဆာခွန်ရဲများနှင့်အတူ ဘုန်းတော်ကြီးကို ဖမ်းဆီးခဲ့သည်။
စုံစမ်းစစ်ဆေးမှုများအရ အသက် ၄ နှစ်နှင့် ၁၅ နှစ်ကြားရှိ ကိုရင် ၁၉ ပါးနှင့် အငယ်ဆုံးအသက် ၈ နှစ်ရှိဘုန်းကြီးကျောင်းသား ၁၀ ယောက်ကို လိင်ပိုင်းစော်ကားခဲ့သည်ဟုတွေ့ရှိခဲ့သည်ဆိုပြီး ရဲများကပြောသည်။
ဆက်ဆံခဲ့သည်မျာကို ဓာတ်ပုံများစုဆောင်းထားသည်ဟုလည်းသိရသည်။
ထိုဘုန်းတော်ကြီးသည် အမျိုးသားသက်ငယ်ပြည့်တန်ဆာပြုရာတွင်ပါဝင်နေသည်ဟုလည်း ရဲများကစွပ်စွဲထားသည်။
သူကျူးလွန်ခဲ့သည်ဟုဆိုသော ပြစ်မှုများကိုကာကွယ်ရန် ကျောင်းတွင် ဆဲလ်ဖုန်းအသုံးပြုခွင့် ထိန်းချုပ်ထားပုံရသည်ဟုလည်း ရဲများက ပြောသည်။
သို့သော်လည်း ပြုကျင့်ခံရသူတစ်ယောက်က ဓာတ်ပုံရိုက်ပြီး မိဘများထံပို့နိုင်ခဲ့သောကြောင့် ဘုန်းတော်ကြီး၏ တရားမဝင်အပြုအမူများဟု ဆိုသောဖြစ်ရပ် ပေါ်ပေါက်လာခြင်းဖြစ်သည်ဟုလည်း ရဲတပ်ဖွဲ့ကပြောသည်။
ကုလားထိုင်တွင်ချည်ထားပြီး အခြားတစ်ဦးနှင့်လိင်ဆက်ဆံခိုင်းခဲ့ခြင်းကို ဘုန်းတော်ကြီးက ကြည့်နေသည့်အပြင် အုပ်စုဖွဲ့လိင်ဆက်ဆံရန် အခြားလူများကိုပါ ဘုန်းတော်ကြီးကဖိတ်ခေါ်ခဲ့သည်ဟုဆိုကာ ကိုရင်တစ်ပါးက ရဲတပ်ဖွဲ့ထံတိုင်ကြားခဲ့သည်ဟုသိရသည်။
စွဲချက်များအားလုံးကို ဘုန်းတော်ကြီးက ငြင်းဆိုထားသည်။
Source-The Nation
MeKongNews #ဥက္ကာ
Photo- The Nation