
တာချီလိတ်၊ ဒီဇင်ဘာ ၂၇
တာချီလိတ်မြို့နှင့်ကပ်လျက် ထိုင်းနိုင်ငံ၊ မယ်ဆိုင်မြို့ဘက်တွင် မူးယစ်ဆေးဝါးသယ်ဆောင်လာသူများနှင့် ထိုင်းလုံခြုံရေးတပ်ဖွဲ့များ ထိပ်တိုက်တွေ့ဆုံမှုဖြစ်ပွားပြီး မူးယစ်ဆေးဝါးသယ်ဆောင်လာသူ (၂)ဦးသေဆုံးကြောင်း သိရသည်။
ဒီဇင်ဘာလ ၂၇ရက် နံနက် ၄နာရီခွဲခန့်က တာချီလိတ်မြို့၊ မယ်ဆိုင်(ခ)ရပ်ကွက်နှင့် ကပ်လျက် မယ်ဆိုင်မြို့ဘက်ခြမ်းတွင် မူးယစ်ဆေးဝါးသယ်ဆောင်သူများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ ထိတွေ့မှု ဖြစ်ပွားခဲ့ပြီး မြန်မာနိုင်ငံဘက်အခြမ်းတွင် အလောင်း(၁)လောင်းတွေ့ရှိခဲ့ကြောင်း တာချီလိတ်မြို့ရှိ ရဲတပ်ဖွဲ့ဝင်များထံမှ သိရသည်။
ထို့အပြင်ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ဘက်တွင်လည်း အိုက်စ်မူးယစ်ဆေး ကီလို(၁၀၀)နှင့် အလောင်း (၁)လောင်း တွေ့ရှိခဲ့ကြောင်း ထိုင်းနိုင်ငံ၊ မယ်ဆိုင်ဘက်ရှိ သတင်းထောက်များထံမှ သိရသည်။
MK – 001



