
ထရန်၊ ဒီဇင်ဘာ ၂၇
ထိုင်းနိုင်ငံ ထရန်ခရိုင်၊ ဟတ်ဆမ်ရန်ရဲစခန်းကို ခရစ္စမတ်ညအစောပိုင်းမှာ ကားတစ်စီး တူးမြောင်းထဲကျပြီး ခရီးသည် ၂ ယောက်ကားထဲ ပိတ်မိနေကြောင်း သတင်းပို့ချက်ရရှိခဲ့သည်။
ကားမတော်တဆမှုအပြီး ထရန်မှမြို့ဝန်ပျောက်ဆုံးနေသည်။
ပိတ်မိနေသူနှစ်ယောက်မှာ ကားပိုင်ရှင်နခွန်ထရန်မြို့ဝန် အပီချစ် ဝီနိုသာအိုင့်နှင့် ယာဉ်မောင်းတို့ဖြစ်သည်။
ရဲနှင့်ကယ်ဆယ်ရေးအဖွဲ့က တူးမြောင်းထဲမှကားကို ၃ နာရီကြာဆွဲထုတ်ခဲ့သော်လည်း အသက် ၂၂ နှစ်ရှိယာဉ်မောင်း၏အလောင်းကိုသာ နောက်ခုံတွင်တွေ့ခဲ့ပြီး မြို့ဝန်ကိုတော့ မတွေ့ခဲ့ရချေ။
ရေငုပ်သမားများက မြို့ဝန်ကိုရှာနေချိန်တွင် လူချစ်လူခင်များသည့်မြို့ဝန်ကိုပြန်တွေ့ရန် ဒေသခံများ ဆုတောင်းနေကြသည်။
အရှိန်ပြင်းပြင်းမောင်းလာသည့်ကား တူးမြောင်းထဲကျသွားသည်ကို အနားရှိလုံခြုံရေးကင်မရာများက ပြသနေသည်။
အခင်းမဖြစ်ခင် မြို့ဝန်သည် သက်ဆာဘန် ၁ ဆန်ခါဝတ်ကျောင်း လူရည်ချွန်စခန်းမှထွက်လာခဲ့သည်ဟု သိရသည်။
Source-The Nation
ဥက္ကာ #MekongNews
Photo-The Nation