
တာချီလိတ်၊ ဒီဇင်ဘာ ၂၇
ဘူးသီးတောင်မြို့နယ် NLD ပါတီ ဥက္ကဌ အပါအဝင် အကြမ်းဖက်မှုဖြစ်စဉ်များကြောင်း သေဆုံးခဲ့ရသူများအတွက် အကြမ်းဖက် လုပ်ရပ်များကို ပြင်းထန်စွာ ရှုတ်ချကြောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ဒီဇင်ဘာလ ၂၇ရက် ညပိုင်းက သတင်းထုတ်ပြန်သည်။
ဘူးသီးတောင်မြို့နယ် NLD ဥက္ကဌ အပါအဝင် ကျောက်မဲမြို့နယ် ပြည်ခိုင်ဖြိုးပါတီ အလုပ်အမှုဆောင်အဖွဲ့ဝင် ဦးစိုင်းအောင်ဌေးနှင့် အခြားသူများအပေါ် အကြမ်းဖမ်းသတ်ဖြတ်မှုများကို ကြားသိရပြီး ပြည်ခိုင်ဖြိုးပါတီ အနေဖြင့် နိုင်ငံရေးအရမတူကွဲပြားမှုများကို ဆွေးနွေးညှိနှိုင်မှုဖြင့်သာ ပြေလည်မည်ဟု ယုံကြည်ထားကြောင်း ထုတ်ပြန်ချက်တွင် ထည့်သွင်းဖော်ပြထားသည်။
အကြမ်းဖက်မှု ဖြစ်စဉ်များကြောင်း အသက်ဆုံးရှုံးခဲ့ရသူများနှင့် ကိုယ်စိတ်နှစ်ပါး ဒဏ်ရာရခဲ့သည့် မိသားစုဝင်များအတွက် ပြည်ခိုင်ဖြိုးပါတီအနေဖြင့် ထပ်တူဝမ်းနည်းရပြီး အဆိုပါလုပ်ရပ်များကို ပြင်းထန်စွာ ရှုတ်ချကြောင်း ထုတ်ပြန်ချက်တွင် ထည့်သွင်းဖော်ြပထားသည်။
နိုင်ငံတဝှမ်းဖြစ်ပေါ်နေသည့် နိုင်ငံသားများ လုံခြုံရေးဆိုးရွားစွာ ချိုးဖောက်ခံနေရမှုရပ်တန့်နိုင်ရန် အစိုးရအနေဖြင့် ဆောလျင်စွာ စီမံဆောင်ရွက်ပေးပါရန်လည်း ပြည်ခိုင်ဖြိုးပါတီက တိုက်တွန်းထားသည်။
MK – 001