ဘန်ကောက်၊ ဒီဇင်ဘာ ၂၈

ရဲအရာရှိ ၃ ဦးက ဘန်ကောက်မြို့လယ်တွင် ပြင်သစ်နိုင်ငံသားတစ်ဦးကိုဖမ်းဆီးကာ ခြိမ်းခြောက်ငွေတောင်းသည်ဟု ဆိုသည့်ဖြစ်ရပ်အတွက် စုံစမ်းစစ်ဆေးနေကြောင်း သောကြာနေ့တွင် ထိုင်းရဲတပ်ဖွဲ့ကပြောသည်။

သူ့ကို မူးယစ်ဆေးမှုများဖြင့်စွပ်စွဲသည်ကို ဖယ်ရှားရန် ထိုင်းရဲအရာရှိ ၃ ဦးက သူ့ထံမှ အမေရိကန်ဒေါ်လာ ၈၀ဝ၀ (ဘတ် ၂၄၅၀ဝ၀) တောင်းခံခဲ့သည်ဟု ပြင်သစ်နိုင်ငံသားစီးပွားရေးလုပ်ငန်းရှင် ဂျင်း ဆီဘက်ရှန်က လူမှုကွန်ရက်တွင်ရေးသားခဲ့ပြီးနောက် သန်လောရဲစခန်း၏ဆိုးရွားသော မူးယစ်ဆေးစမ်းသပ်မှုမူဝါဒအကြောင်း မီးမောင်းထိုးပြနိုင်ခဲ့သည်။

ရဲစခန်းမှူးက စွပ်စွဲချက်များကို တနင်္လာနေ့တွင် ငြင်းခဲ့သော်လည်း သောကြာနေ့တွင် ရဲအရာရှိ ၃ ဦးကို ယာယီတာဝန်ရပ်စဲထားပြီး စုံစမ်းစစ်ဆေးနေသည်ဟု အတည်ပြုသည်။

အောက်တိုဘာ ၂၈ ရက်က ဆွိုင်ဆူခမ်ဗစ်တွင်လမ်းလျှောက်နေစဉ် ရဲအရာရှိများကို သူ့ကိုရပ်ခိုင်းပြီး မူးယစ်ဆေးဝါးရှာဖွေခဲ့သည်ဟု ဆီဘတ်ရှန်ကပြောသည်ဟု ဘန်ကောက်မြို့တော်ရဲတပ်ဖွဲ့ရဲမှုးချုပ် ကပြောသည်။

မူးယစ်ဆေးမတွေ့ခဲ့သော်လည်း သူ့ကိုဆေးရုံတွင် ရဲများက ဆီးစစ်ခဲ့သည်ဟုလည်းပြောသည်။

ဆေးရလဒ်အရ ဆေးခြောက်သုံးစွဲသည်ဟုတွေ့ရှိခဲ့ပြီးနောက် သူ့မိတ်ဆွေဆီ ဆီဘတ်ရှန်ကို ဆက်သွယ်ခွင့်ပြုခဲ့ပြီး စွဲချက်လွတ်ကင်းရန် ဒေါ်လာ ၈၀ဝ၀ ပေးခိုင်းခဲ့သည်။

ဆီဘတ်ရှန်ကသဘောတူခဲ့ပြီးနောက် နောက်ပိုင်းတွင် ထိန်းသိမ်းထားရာမှလွှတ်ပေးခဲ့သည်။

ထို့နောက် ဆီဘတ်ရှန်က ပြင်သစ်သံရုံးကိုဆက်သွယ်တိုင်ကြားခဲ့ပြီး ထိုင်းအမျိုးသား အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်ထံလည်းတိုင်ကြားခဲ့သည်။

ပြစ်ဒဏ်ထင်ရှားပါက ရဲများကို ရဲစည်းကမ်းအရအပြစ်ပေးသွားမည်ဟု ထိုင်းရဲတပ်ဖွဲ့ပြောခွင့်ရသူက ကြာသပတေးနေ့တွင်ပြောသည်။

သန်လောရဲစခန်းမှအရာရှိများက နိုင်ငံခြားသားများကိုပစ်မှတ်ထားပြီး မူးယစ်ဆေးစမ်းသပ်မှုများ လုပ်နေသည်ဟုလည်း တိုင်ကြားမှုများရှိနေသည်။

SOURCE- KHAOSOD

ဥက္ကာ #MEKONGNEWS

PHOTO-KHAOSOD

Leave a comment

Design a site like this with WordPress.com
Get started