
ဘန်ကောက်၊ ဒီဇင်ဘာ ၂၉
ထိုင်းစီးပွားရေးဆိုင်ရာ မှုခင်းတိုက်ဖျက်ရေးဌာန၏ ညွှန်ကြားချက်အရ ဘန်ကောက်မြို့၊ ရတ်ချာဒါတွင်ရှိသောဟိုတယ်တစ်ခုတွင် တရုတ်လူငယ်တစ်စု တစ်နေကုန်အခန်းထဲတွင်ရှိနေသည်ဟူသော သတင်းအရ ထိုင်းရဲများဝင်ရောက်စီးနင်းခဲ့ရာ အသက် ၂၃ နှစ်နှင့် ၂၅ နှစ်ကြား တရုတ်လူမျိုး ၃ ယောက်ကို ဖမ်းမိခဲ့သည်။
ထိုလူငယ်များက ဟိုတယ်မှအစားအစာများကိုသာမှာစားပြီး အခန်ရှင်းဝန်ဆောင်မှုပေးမည် ဆိုသောအခါတွင်လည်း အခန်းတွင်းအဝင်မခံသည့်နောက်ပိုင်းတွင် သတင်းရခဲ့ခြင်းဖြစ်သည်။
လူငယ် ၃ ဦးနှင့်အတူ တရုတ်အမှတ်တံဆိပ်ဖုန်း ၁၁၆ လုံး၊ အားသွင်းကြိုးအချောင်း ၉၀၊ ဆင်းကတ် ၁၁၉ ကတ်နှင့် လက်ပ်တော့တစ်လုံးကိုလည်း သိမ်းဆည်းရမိသည်။
လူသိများသော လူမှုကွန်ရက်ဝက်ဆိုက်တစ်ခုကို ထိုးဖောက်ဝင်ရောက်ရန် ထိုလူငယ်များက ထိုင်းနိုင်ငံကို အခြေစိုက်စခန်းအနေနှင့် အသုံးပြုနေကြသည်ဟု စုံထောက်များကပြောသည်။
မှောင်ခိုဈေးကွက်တွင် အတည်မပြုနိုင်သော Wechat အကောင့်များဖွင့်ရန် ဆင်းကတ်အများအပြားဝယ်ယူပြီး တရုတ်နိုင်ငံမှ ဖုန်းများတွင်ထည့်သွင်းပြီး ထိုးဖောက်ရန် အသုံးပြုခဲ့ကြသည်။
တရုတ်လူလိမ်များကြားတွင် Wechat အကောင့်တုများ အဝယ်လိုက်နေပြီး ထိုအဖွဲ့က တစ်နေ့လျှင် Wechatအကောင့်တုထောင်ချီဖွင့်နေကြသည်။
ထိုင်းနိုင်ငံတွင်အခြေစိုက်ပြီး ထိုကဲ့သို့မှုခင်းများကျူးလွန်းနေသည့် တရုတ်ဟက်ကာအရေအတွက် ပိုများလာပြီး ထိုင်းဆင်းကတ်များနှင့် အကောင့်တုများပြုလုပ်၍ တခြားတိုင်းပြည်များတွင် အကြမ်းဖက်မှုနှင့် တခြားမှုခင်းများကျူးလွန်ကြလျှင် နိုင်ငံပုံရိပ်ထိခိုက်လိမ့်မည်ဟု ရဲများကပြောသည်။
လက်ရှိတွင် ဖမ်းမိသောတရုတ်နိုင်ငံသား ၃ ယောက်ကို ပါမစ်မရှိဘဲ နိုင်ငံခြားမှ အလုပ်လုပ်သူများ ဥပဒေဖြင့် စွဲချက်တင်ထားပြီး တရုတ်အာဏာပိုင်များနှင့် အာဏာပိုင်များ ပူးပေါင်းဆောင်ရွက်သွားမည်ဟုသိရသည်။
Source-The Nation
ဥက္ကာ #MekongNews
Photo-The Nation