တာချီလိတ်၊ ဒီဇင်ဘာ ၂၉

ရှေ့မှ ယာဉ်ကိုကျော်တက်လာသည့် မော်တော်ကားနှင့် မျက်နှာချင်းဆိုင်မှလာသည့် ဆိုင်ကယ်တို့ ဒီဇင်ဘာလ ၂၈ရက် နံနက်ပိုင်းက တာချီလိတ်-ဝမ်ပုံသွား ကားလမ်းမပေါ်တွင် တိုက်မိပြီး ဆိုင်ကယ်မောင်းသူ သေဆုံးသွားသည်။

မိုင်းဖုန်း(ခ) ကျေးရွာအုပ်စု၊ ဆွတ်ဆိုင်ကျေးရွာအနီး တာချီလိတ်-ဝမ်ပုံသွား ကားလမ်းမပေါ်တွင် ယာဉ်မောင်း အိုက်ကျောက်မောင်းနှင်လာသည့် မော်တော်ယာဉ်သည် ၎င်းအရှေ့ရှိ မော်တော်ယာဉ်ကို ကျော်တက်ရာမှ တဖက်လမ်းမှလာသည့် မော်တော်ဆိုင်ကယ်ကို ဝင်ရောက်တိုက်မိခြင်း ဖြစ်သည်။

ယာဉ်တိုက်မှုကြောင့် မော်တော်ဆိုင်ကယ်မောင်းနှင်သူ စိုင်းကဘီးမှာ အခင်းဖြစ်ရာနေရာတွင် သေဆုံးသွားပြီး မော်တော်ဆိုင်ကယ်နောက်မှ လိုက်ပါလာသူ နန်းဝုန်းနှင့် မော်တော်ယာဉ်မောင်း အိုက်ကျောက်တို့မှာ ဒဏ်ရာ(မစိုးရိမ်ရ) ရရှိခဲ့ကြောင်း သိရသည်။

အဆိုပါယာဉ်တိုက်မှု ဖြစ်စဉ်တွင် ယာဉ်ကို မဆင်မခြင်မောင်းနှင်ကာ လူသေဆုံး၊ ဒဏ်ရာရစေသည့် မော်တော်ယာဉ်မောင်း အိုက်ကျောက်ကို အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

MeKongNews

Leave a comment

Design a site like this with WordPress.com
Get started