တာချီလိတ်၊ ဒီဇင်ဘာ ၂၉

လင်မယားစကားများ ရန်ဖြစ်ပြီး မိန်းမဖြစ်သူ အိမ်ပေါ်မှ ဆင်းသွားသည့်အတွက် တာချီလိတ်မြို့နယ်၊ လွယ်တော်ခမ်း ကျေးရွာအုပ်စုတွင် နေထိုင်သည့် အမျိုးသားတစ်ဦး ဒီဇင်ဘာလ ၂၈ရက်က ဆွဲကြိုးချသေဆုံးသွားကြောင်း တာချီလိတ်မြို့မ ရဲခစန်းမှ သိရသည်။

တာချီလိတ်မြို့နယ်၊ လွယ်တော်ခမ်းကျေးရွာအုပ်စု၊ ယာအဲ့ရွာတွင် နေထိုင်သည့် ခရမ်းချဉ်စိုက်ခင်းအလုပ်သမား တစ်ဦးဖြစ်သူ ပေါ်ကျန်တိသည် ဒီဇင်ဘာလ ၂၇ရက်က အိမ်ပြန်မလာသဖြင့် ဒီဇင်ဘာလ ၂၈ရက်တွင် လိုက်လံ ရှာဖွေကြရာ အမြင့် (၁၈)ပေခန့်ရှိသည့် ဇီးဖြူပင်ကိုင်းမှ ဆွဲကြိုးချကာ သေဆုံးလျှက်ရှိသည်ကို တွေ့ရခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့မှတ်တမ်းအရ သိရသည်။

“ပတ်ဝန်းကျင်ကို မေးတော့ သူ့မိန်းမက ပြီးခဲ့တဲ့ရက်ပိုင်းက စကားများပြီး အိမ်ပေါ်က ဆင်းသွားတယ်လို့ သိရတယ်။ အဲဒါနဲ့ စိတ်ညစ်ပြီး ဆွဲကြိုးချသတ်သေတယ်လို့ ယူဆရတယ်” ဟု တာချီလိတ်မြို့မရဲစခန်းမှ အရာရှိတစ်ဦးက ပြောသည်။

အဆိုပါ သေဆုံးမှုနှင့် ပတ်သက်ပြီး ဓမ္မတာ အတိုင်းသေဆုံးခြင်းဟုတ်/မဟုတ် စစ်ဆေးနိုင်ရန် သေမှုသေခင်း ဖွင့်လှစ်ကာ ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

MeKongNews

Leave a comment

Design a site like this with WordPress.com
Get started