
ချင်းမိုင်၊ ဒီဇင်ဘာ ၃၀
ထိုင်းနိုင်ငံမြောက်ပိုင်းချင်းရိုင်ခရိုင်၏ ခရီးသည်များကို ဆွဲဆောင်မှုအရှိဆုံးထိပ်တန်းနေရာများတွင် နှစ်သစ်ကူးအားလပ်ရက်အတွင်း ထိုင်းပြည်တွင်းနှင့် နိုင်ငံတကာခရီးသည်များဖြင့် ပြည့်နှက်နေသည်။
ထိပ်တန်းခရီးသည်ဆွဲဆောင်သည့် နေရာ ဒွိုင်အင်သာနွန်တွင် နှစ်သစ်ကူးနေ့ အရုဏ်တက်ချိန်ကိုကြည့်ရန် စခန်းချနေသူများရှိနေပြီး တောင်တက်လမ်းတစ်လျှောက်လုံးတွင် ကားများပိတ်ဆို့နေသည်။
တနင်္ဂနွေနေ့မနက်ပိုင်းတွင် ဒွိုင်အင်သာနွန်ထိပ်တွင် အပူချိန် ၅ ဒီဂရီဆဲလ်စီးယက်ရှိပြီး ဒွိုင်အင်သာနွန်အမျိုးသားဥယျာဉ်ရုံးတွင် ၁၁ ဒီဂရီဆဲလ်စီးယက်ရှိသည်။
အအေးလှိုင်းနှင့် သဘာဝအလှကို မျှော်လင့်နေကြသောခရီးသည်များအတွက် နေစရာစီစဉ်ပေးထားကြောင်း ဒွိုင်အင်သာနွန်အမျိုးသားဥယျာဉ်တာဝန်ခံခရစ်ဆာယမ် ကောင်ဆာထရီကပြောသည်။
အမှိုက်များပြန်ထည့်ရန် အိတ်ယူလာရေးနှင့် အားလပ်ရက်အနားယူပြီးချိန် ပန်းခြံမှပြန်ထွက်သောအခါ အိတ်များပြန်ယူသွားရေး စည်းရုံးလှုံ့ဆော်မှုများလည်းရှိနေသည်။
နှစ်သစ်ကူးနေ့တွင် ခရီးသည် ၂၀ဝ၀ဝ ကျော်ရှိလိမ့်မည်ဟုလည်း ခရစ်ဆာယမ်ကခန့်မှန်းသည်။
စနေနေ့အထိ ဒွိုင်အင်သာနွန်ကို နိုင်ငံခြားသား ၁၃၁၆ ယောက်နှင့် ထိုင်း ၁၂၈၄၀ ယောက် စုစုပေါင်း ၁၃၉၇၆ ယောက်ရောက်ခဲ့သည်။
Source-Bangkok Post
ဥက္ကာ #MekongNews
Photo- Phanumet Tanraksa/ Bangkok Post