
နခွန်ဖနွန်၊ ဇန်နဝါရီ ၅
ပြီးခဲ့သည့်ဆယ်စုနှစ်များအတွင်း မဲခေါင်မြစ်၏ အနိမ့်ဆုံးရေမျက်နှာပြင်ကြောင့် သဲသောင်များပေါ်လာပြီး ထိုင်းနှင့်လာအိုကြား သင်္ဘောဝန်ဆောင်မှုလုပ်ငန်းများထိခိုက်နေသည်။
မြစ်ညာရှိ တရုတ်နိုင်ငံမှတမံများတွင် ရေလှောင်ထားခြင်းနှင့် မိုးခေါင်မှုတို့ကြောင့် ရေမျက်နှာပြင်နိမ့်လာခြင်းဖြစ်သည်။
မောင်း၊ သအူသန်၊ ဘန်ဖေးနှင့် သက်ဖနွန်ခရိုင်များတွင် ရေမျက်နှာပြင်တစ်မီတာခန့်သာရှိပြီး တစ်ကီလိုမီတာကျော်ရှည်သည့် သဲသောင်များထွန်းလာသည့်အပြင် နယ်စပ်ဖြတ်ကျော်သင်္ဘောပို့ဆောင်ရေး ထိခိုက်နေသည်။
သောင်များကိုရှောင်ရန် သင်္ဘောများပိုဝေးဝေးသွားနေရသည်။
ငါးလုပ်ငန်းနှင့်မြစ်ကမ်းဘေးရှိ စိုက်ပျိုးရေးလုပ်ငန်းများလည်း ထိခိုက်နေသည်။
မိုးရာသီရောက်ရန် လပိုင်းလိုနေချိန်တွင် ပြသာနာဖြေရှင်းရန် အစီအစဉ်ဆွဲထားပြီးကြောင်း နခွန်ဖနွန်ခရိုင်အုပ်ချုပ်ရေးမှူး ဆာယမ် ဆီရီမုန်ကောကပြောသည်။
သင်္ဘောများသွားနိုင်ရန် စက်များအသုံးပြုလမ်းကြောင်း ဖော်နေသည်ဟုလည်းသိရသည်။
ထိုင်းအစိုးရထံခွင့်ပြုချက်တင်ပြီးနောက် နခွန်ဖနွန်ခရိုင်အတွက် ရေအသုံးပြုနိုင်ရန်နှင့် စိုက်ပျိုးရေးအတွက်သုံးနိုင်ရန် ခရိုင်ခွဲ ၁၂ ခုတွင် ရေလမ်းကြောင်းတူးနိုင်ရေးစီမံကိန်း ၃၇၁ ခုအတွက် ဘတ်သန်း ၂၀ဝ နီးပါးခွင့်ပြုထားသည်။
Source- Bangkok Post
ဥက္ကာ #MeKongNews
Photo- Pattanapong Sripiachai/ Bangkok Post