ပတ္တရား၊ ဇန်နဝါရီ ၆

စနေနေ့က ပတ္တရားကမ်းခြေတွင် နေ့ခင်းကြောင်တောင် လူကြားထဲ လိင်မှုပြုခဲ့သည့် ရုရှားနိုင်ငံသားနှစ်ယောက်ကို ဖမ်းဆီးပြီး ဒဏ်ငွေရိုက်ခဲ့သည်။

ရိုမန် ဂရီဂိုရန်ကို ၂၆ နှစ်နှင့် သူ့အဖော် ဒါရီယာ ဗီနိုဂရာဒိုဗာ ၁၉ နှစ်တို့ကို စနေနေ့ညနေပိုင်း သူတို့လိင်မှုပြုနေစဉ် ဖမ်းဆီးခဲ့သည်ဟု ထိုင်းခရီးသွားရဲတပ်ဖွဲ့ကပြောသည်။

သူတို့ကို ပတ္တရားရဲစခန်းသို့ခေါ်လာခဲ့ပြီး ယဉ်ကျေးမှုနှင့် မကိုက်ညီသောလုပ်ရပ်လုပ်ဆောင်မှုနှင့် အများပြည်သူရှေ့မှောက် လိင်စိတ်နှိုးကြွသောလုပ်ရပ်လုပ်မှုတို့ဖြင့် စွဲချက်တင်ခဲ့သည်။

အဆိုပါပြစ်မှုများအတွက် အမြင့်ဆုံးချမှတ်နိုင်သည့် ဒဏ်ငွေဘတ် ၅၀ဝ၀ ပေးဆောင်စေခဲ့သည်။

ကမ္ဘာလှည့်ခရီးသည် ၂ ယောက်စလုံးအရက်မူးနေပြီး ကမ်းခြေတွင်လမ်းလျှောက်စဉ် သူတို့ဝန်းကျင်တွင် လူမတွေ့ခဲ့သဖြင့် လိင်မှုစပြုခဲ့သည်ဟုလည်း ထိုင်းခရီးသွားရဲတပ်ဖွဲ့ကပြောသည်။

Source- Bangkok Post

ဥက္ကာ #MeKongNews

Photo- Thai Tourism Police

Leave a comment

Design a site like this with WordPress.com
Get started