
တာချီလိတ်၊ ဇန်နဝါရီ ၇
နေအိမ်အတွင်းရှိ ကော်ဗူးနှင့် ရေပိုက်များအတွင်းမှ စိတ်ကြွဆေးပြား ၈၀၀၀၀ကျော်ကို ဇန်နဝါရီလ ၆ရက် ညနေပိုင်းက တာချီလိတ်မြို့၊ ဆန်ဆိုင်း(က)ရပ်ကွက်အတွင်းရှိ နေအိမ်တစ်အိမ်တွင် ဖမ်းဆီးရမိသည်။
ဇန်နဝါရီ ၆ရက် ညနေ၄နာရီခွဲခန့်က တာချီလိတ်မြို့၊ ဆန်ဆိုင်း(က)ရပ်ကွက်၊ ဆန်ဆိုင်းကွက်သစ်(၉)လမ်းရှိ နေအိမ်တစ်အိမ်ကို မူးယစ်တပ်ဖွဲမှ ရဲတပ်ဖွဲ့ဝင်များပါဝင်သည့်အဖွဲ့က သတင်းအရ ဝင်ရောက်ရှာဖွေရာ နေအိမ်အတွင်းရှိ အဖြူရောင်ကော်ဘူးအတွင်းမှ စိတ်ကြွဆေးပြား ၄၃၂၀၀ ပြားနှင့် တာယာအတွင်းဝှက်ထားသည့် ကော်ပိုက်အပြာအတွင်းမှ ၄၃၂၀၀ပြား၊ စုစုပေါင်း ၈၆၄၀၀ပြားကို ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ စိတ်ကြွဆေးပြားများမှာ အိမ်ငှားဖြစ်သူ ဂျော်နီထွေးပိုင်ဆိုင်သည့် ပစ္စည်းများဖြစ်ကြောင်း အိမ်ရှင်ဖြစ်သူ ဦးစိုင်းလှမှ ပြောပြကာ ရဲတပ်ဖွဲ့ထံ ပေးအပ်ခဲ့သဖြင့် မူးယစ်ဆေးဝါးများ သိုလှောင်ထားသည့် ဂျော်နီထွေးဆိုသူကို တာချီလိတ်မြို့မရဲစခန်းတွင် အမှုဖွင့်လှစ်ဆောင်ရွက်ထားကြောင်း သိရသည်။