
တာချီလိတ်၊ ဇန်နဝါရီ ၇
တာချီလိတ်မြို့၊ ဝမ်ကောင်းဈေးအတွင်းရှိ ဖုန်းနှင့် အပိုပစ္စည်းအရောင်းဆိုင်တွင် ဇန်နဝါရီလ ၇ရက် ညနေ ၆နာရီခန့်က မီလောင်မှု ဖြစ်ပွားကြောင်း ကနဦးသိရသည်။
မီးလောင်မှုဖြစ်ပွားပြီး မိနစ်ပိုင်းအတွင်း မီးသတ်ကားများ ရောက်ရှိငြှိမ်းသတ်နိုင်ခဲ့သည့်အတွက် အခြားဆိုင်များသို့ ကူးစက်ခြင်းမရှိဘဲ ပျက်စီးမှုနည်းပါးခဲ့သည်။
ဝမ်ကောင်းဈေး၊ ဆိုင်အမှတ် (ဆ-၂၉)တွင် ဖွင့်လှစ်ထားသည့် ဖုန်းနှင့် အပိုပစ္စည်းဆိုင်တွင် ဖြစ်ပွားခဲ့သည့် အဆိုပါ မီးလောင်မှုမှာ ဖုန်းအားသွင်းထားခဲ့ရာမှ အပူလွန်ကဲကာ မီးလောင်မှု ဖြစ်ပွားသည်ဟု တာဝန်ရှိသူများက လတ်တလော ယူဆထားပြီး စုံစမ်းမှုများ ပြုလုပ်လျှက်ရှိသည်။




