
ဆစ်ဒနီ၊ ဇန်နဝါရီ ၁၃
တနင်္လာနေ့တွင် သြစတြေးလျနိုင်ငံ၏ ဧရာမမီးတောက်ကို ထိန်းချုပ်နိုင်ပြီဟု သြစတြေးလျမီးသတ်သမားများ ကပြောသည်။
ဂေါ့စပါတောင်တန်းပေါ်တွင် သုံးလနီးနီးလောငိနေသောတောမီးကို အသာစီးရခဲ့ပြီဟု နယူးဆော့သ်ဝေးပြည်နယ် မီးသတ်တပ်ဖွဲ့ကပြောသည်။
မီးလောင်သည့်နေရာတချို့ ကျန်နေသော်လည်း အခြေအနေအသာစီးရနေပြီဟု မီးလောင်ပြင်ထံတနင်္လာနေ့တွင် သွားရောက်ခဲ့သည့် နယူးဆော့သ်ဝေးပြည်နယ်တောမီးသတ်ရေးဌာန မဟာမင်းကြီး ရှိန်း ဖစ်ဇ်ဆိုင်မွန်ကပြောသည်။
လာမည့်တစ်ပတ်တွင် မိုးရေချိန် ၅၀ မီလီမီတာခန့်ရွာနိုင်သည်ဟု သြစတြေးလျမိုးလေဝသဌာနက ခန့်မှန်းထားသည်။
နောက်ထပ်နေရာဒါဇင်ချီတွင်တော့ မီးငြိမ်းရန်လိုနေသေးသည်။
ဒေသခံများနှင့် တောရိုင်းတိရစ္ဆာန်များကိုကူညီရန် ကမ္ဘာတစ်ဝန်းမှဝိုင်းဝန်းကူညီပေးနေကြသည်။
Source-AFP
ဥက္ကာ#MeKongNews
Photo- ABC