
တာချီလိတ်၊ ဇန်နဝါရီ ၂၀
တာချီလိတ်မြို့နယ်၊ တာလေမြို့ရှိ ပါဟုတ်ကျေးရွာမှ ကျေးရွာသားတစ်ဦး၏ နေအိမ်ကို သတင်းအရ ဝင်ရောက်ရှာဖွေရာ ဘိန်းစိမ်း (၁၉၀)ဂရမ်၊ စိတ်ကြွဆေးပြား (၅၀)ပြားနှင့်အတူ ဇန်နဝါရီလ ၁၉ရက် နံနက်ပိုင်းက ဖမ်းဆီးရမိသည်။
တာလေမြို့၊ နားယောင်းကျေးရွာအုပ်စု၊ ပါဟုတ်ကျေးရွာရှိ ဦးအဖွန်း၏ နေအိမ်ကို မူးယစ်ရဲတပ်ဖွဲ့နှင့် ပူးပေါင်းအဖွဲ့က ဝင်ရောက်ရှာဖွေရာ ဦးအဖွန်းကို တွေ့ရှိရပြီး နေအိမ်အတွင်းရှိ ကြက်ခိုးစင်ပေါ်တွင် ဘိန်းစိမ်း (၁၉၀)ဂရမ်၊ စိတ်ကြွဆေးပြား (၅၀)ပြားတို့ကို သိမ်းဆည်းရမိခဲ့သည်။
မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိသည့် ဦးအဖွန်းကို တာလေနယ်မြေရဲစခန်းတွင် မူးစိတ်ပုဒ်မ ၁၉(က)ဖြင့် အမှုဖွင့် အရေးယူထားပြီး ဆက်စပ်တရားခံများကို ဖမ်းဆီးရမိရေး ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။