ဘန်ကောက်၊ ဇန်နဝါရီ ၂၁

ဘန်ကောက်မြို့တွင် မီးခိုးမြူအဆင့်များပိုဆိုးနေပြီး ခရိုင် ၅၀ အနက် ၃၄ ခရိုင်တွင် ညစ်ညမ်းမှုများနေကြောင်းတွေ့ ရှိရသည်။

ဖရာနခွန်တွင် အဆိုးဆုံးဖြစ်နေသည်ဟု ဘန်ကောက်မြို့တော်အုပ်ချုပ်ရေးအဖွဲ့က တနင်္လာနေ့မနက်ပိုင်းတွင် ထုတ်ပြန်သည်။

ပြီးခဲ့သည့် ၂၄ နာရီအတွင်း လေထုထဲတွင် အန္တရာယ်ရှိသော PM 2.5အမှုန်ပါဝင်မှု တစ်ကုဗမီတာလျှင် ၅၀ မှ ၈၉ မိုက်ခရိုဂရမ်ရှိနေကြောင်း ဘန်ကောက်မြို့တော်အုပ်ချုပ်ရေးအဖွဲ့၊ အမြဲတမ်းအတွင်းဝန်ဆီလာပါဆွေ ရာဝီဆန်ဆွန်းကပြောသည်။

ဘေးကင်းကြောင်း ဘန်ကောက်အုပ်ချုပ်ရေးအဖွဲ့သတ်မှတ်ထားသော ပမာဏမှာ ၅၀ မိုက်ခရိုဂရမ်ဖြစ်သည်။

တနင်္ဂနေ့တွင် လေမတိုက်ဘဲ ယာဉ်ကြောပိတ်ဆို့မှုပိုများသဖြင့် လေထုအရည်အသွေးပိုဆိုးခဲ့ကြောင်း ညစ်ညမ်းမှုထိန်းချုပ်ရေးဌာနညွှန်ကြားရေးမှူးချုပ် ပရာလောင် ဒမ်ရောင်ထိုင်းကပြောသည်။

Source- Bangkok Post

ဥက္ကာ #MeKongNews

Photo- Bangkok Post

Leave a comment

Design a site like this with WordPress.com
Get started