ဘေကျင်း၊ ဇန်နဝါရီ ၂၁

တရုတ်နိုင်ငံမှ နောက်ထပ်အာရှနိုင်ငံ ၃ နိုင်ငံထံလည်းရောက်ခဲ့သည့် SARSရောဂါဗိုင်းရပ်စ်နှင့် ဆင်တူသည့်ဗိုင်းရပ်သည် လူလူချင်းကူးစက်နိုင်ကြောင်း တရုတ်အစိုးရကျွမ်းကျင်သူတစ်ယောက်က အတည်ပြုခဲ့ပြီး ယခုတစ်ပတ်ထဲတွင် ကူးစက်မှုအကြောင်းဆွေးနွေးရန် အဓိကအရေးပေါ်ကော်မတီတစ်ရပ်တွေ့ဆုံဆွေးနွေးမည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ကကြေညာသည်။

အင်္ဂါနေ့တွင် ထိုကိုရိုနာဗိုင်းရပ်စ်ကြောင့် စတုတ္ထမြောက်လူတစ်ယောက်သေဆုံးခဲ့ကြောင်း ဝူဟန်ကျန်းမာရေးအာဏာပိုင်အဖွဲ့ကကြေညာခဲ့ပြီးနောက်
ယခုအတည်ပြုချက်ထွက်ပေါ်လာသည်။

လက်ရှိမှာ ဗိုင်းရပ်စ်ကူးစက်ခံထားရကြောင်းတွေ့ရှိထားသည့်လူ ၂၁၈ ယောက်ရှိနေသည်။

ဘေကျင်းနဲ့ရှန်ဟိုင်းတွင်လည်း ကူးစက်ခံရကြောင်းတနင်္လာနေ့တွင် အတည်ပြုခဲ့ပြီး တရုတ်နိုင်ငံတောင်ပိုင် းဂွမ်ဒေါင်းပြည်နယ်တွင်လည်း ကူးစက်ခံရမှုတစ်ဒါဇင်ကျော်ရှိနေသည်။

ဝူဟန်မြို့မှ ပင်လယ်စာလက်ကား ဈေးတစ်ဈေးသည် ဗိုင်းရပ်စ်ပြန့်ပွားသည့်ဗဟိုချက်ဟု ယုံကြည်နေပြီး ကူးစက်ပုံကို သိပ္ပံပညာရှင်များရှာဖွေခဲ့ကြသော်လည်း မြို့ကိုမရောက်ဘဲနှင့် ဗိုင်းရပ်စ်သစ်ကူးစက်နိုင်ကြောင်း SARSရောဂါပြန့်ပွားမှုပမာဏကို ထိတွေ့နိုင်ခဲ့သည့် တရုတ်အမျိုးသားကျန်းမာရေးကော်မရှင်မှ နာမည်ကြီးသိပ္ပံပညာရှင် ကျုံးနန်ရှန်းကပြောသည်။

ဂွမ်ဒေါင်းတွင် ကူးစက်ခံခဲ့ရသူနှစ်ယောက်မှာ ဝူဟန်ကိုသွားလည်ခဲ့သူ၏ မိသားစုဝင်များဖြစ်ကြောင်းလည်း ကျုံးကရှင်းပြသည်။

ကိုရိုနာဗိုင်းရပ်စ်လူနာများကို ကူညီနေသည့် ဝူဟန်ကျန်းမာရေးဝန်ထမ်း ၁၅ ယောက်လည်း အဆုတ်ယောင်ရောဂါဖြစ်နေကြောင်း ရောဂါတွေ့ရှိခဲ့ပြီး တစ်ယောကမှာ စိုးရိမ်ရတဲ့အခြေအနေတွင် ရှိနေကြောင်း ဒေသအာဏာပိုင်တစ်ယောက်ကပြောသည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကလည်း ဗုဒ္ဓဟူးနေ့တွင် ဂျီနီဗာတွင်တွေ့ဆုံပြီး “နိုင်ငံတကာစိုးရိမ်ရသည့် အများပြည်သူဆိုင်ရာကျန်းမာရေးအရေးပေါ် အခြေအနေ” အဖြစ် ကြေညာရန်ရှိ၊ မရှိဆုံးဖြတ်ရန်ရှိနေသည်။

Source- AFP

ဥက္ကာ #MeKongNews

Photo- CGTN

Leave a comment

Design a site like this with WordPress.com
Get started