
ဘက္ကဒက်၊ ဇန်နဝါရီ ၂၁
အီရတ်နိုင်ငံမြို့တော်ဘက္ကဒက်မှ အစိုးရရုံးများနှင့်သံရုံးများရုံးစိုက်ရာအစိမ်းရောင်နယ်မြေအတွင်းရှိ အမေရိကန်သံရုံးနားသို့ ဒုံးကျည် ၃ စင်းကျရောက်ပေါက်ကွဲခဲ့သည်။
အထိအခိုက်အသေအပျောက်စာရင်း မရသေးချေ။
နှစ်စင်းမှာ အမေရိကန်သံရုံးနားကျရောက်ခဲ့ပြီး တတိယမြောက်တစ်စင်းမှာ အစိမ်းရောင်နယ်မြေအတွင်း ကျရောက်ခဲ့ကြောင်း လုံခြုံရေးသတင်းရင်းမြစ်များကပြောသည်။
ဘက္ကဒက်မြို့စွန်ရှိခရိုင်တစ်ခုမှ ပစ်လွှတ်ခဲ့ခြင်းဖြစ်သည်။
ပြီးခဲ့သည့်သီတင်းပတ်များအတွင်း အလားတူတိုက်ခိုက်မှုများ ရှိခဲ့ပြီးနောက် ယခုဖြစ်ရပ်ဖြစ်ခဲ့ခြင်းဖြစ်သည်။
အင်္ဂါနေ့ညပိုင်းတွင် ဘက္ကဒက်မြောက်ပိုင်းမှ အမေရိကန်ညွှန့်ပေါင်းအခြေစိုက်စခန်း တစ်ခုနားတွင် နောက်ထပ်ဒုံးကျည်ဖြင့် ပစ်ခတ်တိုက်ခိုက်မှုများဖြစ်ခဲ့သဖြင့် အနည်းဆုံ းအီရတ်စစ်သားတစ်ယောက် ဒဏ်ရာရခဲ့သည်။
ပြီးခဲ့သည့်ရက်ပိုင်းကလည်း အမေရိကန်တပ်သားကို နေရာပေးထားသည့် အယ်ဘာလက်လေတပ်စခန်းကို Katyushaဒုံးကျည် ၈ စင်းထိမှန်ခဲ့ပြီး အီရတ်တပ်ဖွဲ့ဝင် ၄ ယောက်ဒဏ်ရာရခဲ့သည်။
ထိုတိုက်ခိုက်မှုများလည်း သူတို့လက်ချက်ဟု မည်သည့်အဖွဲ့ကမှဝန်မခံခဲ့ချေ။
Source- RT
ဥက္ကာ #MeKongNews
Photo- Kurdistan24 News