တာချီလိတ်၊ ဇန်နဝါရီ ၂၀

၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်၊ မြစိမ်းရောင်ကျေးရွာစီမံကိန်းနှင့် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း(VDP) အကောင်အထည်ဖော် ဆောင်ရွက် မည့် ကျေးရွာများသို့ ရန်ပုံငွေလွှဲအပ်ခြင်း အခမ်းအနားကို ဇန်နဝါရီ ၂၀ ရက် နံနက်ပိုင်းက တာချီလိတ်မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းလုံစံခတ်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးမင်းအောင်က အမှာစကား ပြောကြားသည်။ ထို့နောက် မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးဇော်မိုးက ဋ္ဌာနစီမံကိန်းများနှင့် ပတ်သက်၍ရှင်းလင်းဆွေးနွေးပြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းလုံစံခတ်နှင့် တာဝန်ရှိသူများက ကျေးရွာကော်မတီများထံ ရန်ပုံငွေများ လွှဲပြောင်းပေး အပ်သည်။

၂၀၁၉-၂၀၂၀ ခု ဘဏ္ဍာရေးနှစ်တွင် တာချီလိတ်မြို့နယ်အတွင်း မြစိမ်းရောင်ကျေးရွာစီမံကိန်းကို ၂ ယူနစ် နှစ်ရွာ၊ စုစုပေါင်း ၄၂ ယူနစ် ၆၁ ရွာအား ဆောင်ရွက်သွားမည်ဖြစ်ပြီး Left-Fund နည်းပညာပံ့ပိုးမှုဖြင့် ကျေးရွာပေါင်း ၁၆ ရွာအား ကျေးလက်ဒေသ ဖွံ့ဖြိုးရေးစီမံကိန်းလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

အခမ်းအနားသို့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းလုံစံခတ်၊ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးမင်းအောင်၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးဇော်မိုးနှင့် ဌာနဆိုင်ရာများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ မြစိမ်းရောင်ကျေးရွာကော်မတီများ၊ မြို့နယ်ကျေးလက်ဦးစီးမှူးနှင့် ဝန်ထမ်းများတက်ရောက်ခဲ့ကြောင်း သိရသည်။

MK – 002

MeKongNews

Leave a comment

Design a site like this with WordPress.com
Get started