
တာချီလိတ်၊ ဇန်နဝါရီ ၂၅
တာချီလိတ်မြို့၊ မယ်ယန်းဂိတ်ရေှာင်လမ်းတွင် ဇန်နဝါရီလ ၂၄ရက် ညပိုင်းက ကဖင်း ကီလို ၁၀၀၀၀နှင့် စိတ်ကြွဆေးပြား ၃၆၀၀၀၀ ကို ပိုင်ရှင်မဲ့အဖြစ် သီးခြား၏ီ ဖမ်းဆီးရမိသည်။
စစ်ဗျူဟာ အခြေချမှ ဦးစီးသည့် ပူးပေါင်းအဖွဲ့သည် ဇန်နဝါရီလ ၂၅ရက် ည ၈နာရီကျော်ခန့်တွင် သတင်းအရ တာချီလိတ်မြို့၊ မယ်ယန်းဂိတ်ရှောင်လမ်း(မယ်လိပါကော်သွားလမ်း) တွင် သွားရောက်စစ်ဆေးရာ တိုယိုတာ ဟိုင်းလပ် အနက်ရောင်ယာဉ်ကို ရပ်တန့်ထားသဖြင့် သွားရောက်စစ်ဆေးရာ ယာဉ်ပေါ်မှ စိတ်ကြွဆေးပြား ၃၆၀၀၀၀ ကို ပိုင်ရှင်မဲ့သိမ်းဆည်းရမိခဲ့သည်။

ထို့အပြင်နောက်ထပ် ပူးပေါင်းအဖွဲ့ တစ်ဖွဲ့က ယင်းလမ်းပေါ်ရှိ ရာဘာခြံအနီးတွင် ရပ်တန့်ထားသည့် တိုယိုတာဟိုင်းလပ် VIGO ယာဉ်ပေါ်မှ ကဖင်း ကီလို ၁၀၀၀၀ ကို ပိုင်ရှင်မဲ့ ထပ်မံဖမ်းဆီးရမိခဲ့သည်။
အဆိုပါမူးယစ်ဆေးဝါးများနှင့် ပတ်သက်ပြီး တာချီလိတ်မြို့မ ရဲစခန်းတွင် အမှုဖွင့်လှစ်ကာ ပိုင်ရှင်များကို ဖော်ထုတ်နိုင်ရေး ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။
#MeKongNews