Photo – AFP/Hector RETAMAL

ဘေကျင်း၊ ဇန်နဝါရီ ၂၈

တရုတ်နိုင်ငံအတွင်းမှာ ဝူဟန်ဗိုင်းရပ်စ်ကြောင့် သေဆုံးသူ အရေအတွက် ၁၀၆ဦးအထိ ရှိလာပြီး နောက်ထပ် ရောဂါကူးစက်ခံရသူ ၁၃၀၀ ကျော်ရှိတယ်လို့ ဒေသအာဏာပိုင်တွေက အင်္ဂါနေ့နံနက် အစောပိုင်းက ပြောသည်။

ကပ်ရောဂါ စတင်ဖြစ်ပွားရာ ဟူဘိုင်းခရိုင် ကျန်းမာရေးတာဝန်ခံများ၏ ပြောကြားချက်အရ ဗိုင်းရပ်စ်ကြောင့် လူ ၂၉ ဦးထပ်မံသေဆုံးပြီး ၁၂၉၁ဦး ရောဂါထပ်မံဖြစ်ပွားကြောင်း သိရသည်။

ရောဂါကူးစက်ခံရသူ အရေအတွက်မှာ ၃၃၀၀ ကျော်လာပြီ ဖြစ်သည်။
ဝူဟန်ဗိုင်းရပ်စ် စတင်ဖြစ်ပွားစဉ် ကတည်းက နိုင်ငံပေါင်း တစ်ဒါဇင်ကျော်သို့ ရောဂါ ပျံ့နှံသွားပြီး ကနေဒါ၊ ကမ္ဘောဒီယားနှင့် သိရီလင်္ကာနိုင်ငံတို့တွင်လည်း စတင်ဖြစ်ပွားနေပြီ ဖြစ်သည်။

ပြီးခဲ့သည့် သီတင်းပတ်အတွင်း တရုတ်နိုင်ငံ၊ ဟူဘိုင်းခရိုင်အတွင်းရှိ မြို့နယ်အများအပြားကို တရုတ်အစိုးရက အဝင်အထွက်ပိတ်ဆို့လိုက်ပြီး ရောဂါကုသရန် ဆေးရုံးကြီး (၂)ရုံကိုလည်း အလျှင်အမြန်တည်ဆောက်နေသည်။

တရုတ်သမ္မတ ရှီက ရောဂါထိန်းချုပ်နိုင်ရန် ကော်မတီ ဖွဲ့စည်းပေးလိုက်သည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ – WHO က ဝူဟန်ဗိုင်းရပ်စ်၏ အန္တရာယ်မှာ မြင့်မားသည့် အခြေအနေတွင်ရှိကြောင်း တနင်္လာနေ့က ပြောင်းလဲသတိပေးလိုက်သည်။

Ref: CNA
Photo – AFP/Hector RETAMAL

MeKongNews

Leave a comment

Design a site like this with WordPress.com
Get started