
ကဘူးလ်၊ ဇန်နဝါရီ ၂၈
တနင်္လာနေ့က အာဖဂန်နစ္စတန်အရှေ့ပိုင်းက တာလီဘန်တွေထိန်းထားတဲ့နယ်မြေထဲ အမေရိကန်စစ်ဂျက်လေယာဉ်တစ်စင်း ပျက်ကျခဲ့ကြောင်း အမေရိကန်စစ်တပ်က အတည်ပြုသည်။
ပျက်ကျသည့်အကြောင်းရင်းကိုစုံစမ်းနေပြီး ရန်သူပစ်ခတ်မှုကြောင့် ပျက်ကျကြောင်းညွှန်းဆိုနေသည်များမရှိဟု အာဖဂန်နစ္စတန်မှ အမေရိကန်တပ်ဖွဲ့များပြောခွင့်ရသူ ဗိုလ်မှူးကြီး ဆန်နီ လက်ဂတ်တ်က ပြောသည်။
တာလီဘန်တွေအားကောင်းသည့်ဂါဇ်နီပြည်နယ်ရှိဒဲယက်ခရိုင်တွင် လေယာဉ်ပျက်ကျခဲ့ပြီး လေယာဉ်ပေါ်ပါသူအရေအတွက်ကတော့ မရှင်းလင်းသေးချေ။
အမေရိကန်လေတပ်အမှတ်အသားပါပြီး မီးလောင်ပျက်စီးနေသည့်လေယာဉ်တစ်စင်းကိုမြင်ရ သော်လည်း အတည်မပြုနိုင်သေးသည့် ရုပ်သံဖိုင်များကို တာလီဘန်လူမှုကွန်ရက်အကောင့်များတွင် ဖော်ပြနေသည်။
ရုပ်သံဖိုင်ပါလေယာဉ်သည် အာဖဂန်နစ္စတန်တွင် အီလက်ထရောနစ်စောင့်ကြည့်ထောက်လှမ်းရေးအတွက် အမေရိကန်လေတပ်ကအသုံးပြုသည့် E-11A ဗုံးကြဲဂျက်လေယာဉ်ဖြစ်သည်။
#MeKongNews
Source- BBC
Photo- Qais Badri Twitter