မနီလာ၊ ဇန်နဝါရီ ၂၈

ကိုရိုနာဗိုင်းရပ်စ်သစ်ကင်းစင်ကြောင်း အာမခံနိုင်ရန် တရုတ်နိုင်ငံသားများကို ပြည်၀င်ခွင့်ဗီဇာထုတ်ပေးမှုရပ်ဆိုင်းသွားမည်ဟု ဖိလစ်ပိုင်လူ၀င်မှုကြီးကြပ်ရေးဗျူရိုမှမဟာမင်းကြီးက ဇန်နဝါရီ ၂၈ ရက် အင်္ဂါနေ့တွင်ပြောသည်။

“ခရီးသွားတွေနည်းသွားအောင် ကာကွယ်တဲ့လုပ်ငန်းလုပ်တာပါ။ ပြီးတော့ ဒီလိုရပ်ရင် 2019-nCoVကိုရိုနာဗိုင်းရပ်စ်၀င်လာတာကို တားဆီးနိုင်ဖို့ အထောက်အကူဖြစ်ပါလိမ့်မယ်” ဟု မဟာမင်းကြီး ဂျိုင်မီ မော်ရန်တီက ထုတ်ပြနန်ချက်တွင်ပြောဆိုသည်။

ဒီဇင်ဘာတွင် တရုတ်နိုင်ငံအလယ်ပိုင်းဟူဘေးပြည်နယ်၊ ဝူဟန်မြို့တွင်စတင်ဖြစ်ပွားခဲ့သည့်ဗိုင်းရပ်စ်ပြန့်နှံ့မှုကြောင့် တရုတ်တစ်နိုင်ငံတည်းတွင် ကူးစက်ခံရသူ ၄၀၀၀ ကျော်ရှိနေပြီး လူ ၁၀၆ ဦးသေဆုံးခဲ့ပြီဖြစ်သည်။

ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ စင်ကာပူ၊ ထိုင်း၊ ဂျပန်၊ တောင်ကိုရီးယား၊ ထိုင်၀မ်၊ နီပေါ၊ အမေရိကန်၊ ကနေဒါ၊ ဂျာမနီနှင့် သီရိလင်္ကာတို့တွင် ကူးစက်မှုများရှိနေသည်။

မည်မျှအန္တရာယ်ရှိကြောင်းနှင့် လူများကြားမည်မျှလွယ်လွယ်ကူကူပြန့်နှံ့နိုင်ကြောင်းသိရန် အချိန်စောနေသဖြင့် သတိပေးချက်များရှိနေသည်။

ဗိုင်းရပ်စ်သစ်ဖြစ်နေခြင်းကြောင့် ခန္ဓာကိုယ်ခုခံမှုစနစ် မတည်ဆောက်နိုင်ဖြစ်နေသေးသည်။

အသေအပျောက်ဖြစ်စေတဲ့ဗိုင်းရပ်စ်က ပေါက်ဖွားတဲ့ကာလမှာ ရောဂါလက္ခဏာများမပေါ်ခင် ကူးစက်သလားမရှင်းသေးကြောင်း တနင်္လာနေ့တွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (W.H.O)ကပြောသည်။

အဖျားနှင့်အသက်ရှုကြပ်လက္ခဏာများ မပေါ်ခင် ရောဂါကူးစက်နိုင်ကြောင်း တရုတ်အာဏာပိုင်များပြောဆိုချက်ကိုလည်း WHOက ချက်ချင်းအတည်မပြုနိုင်သေးချေ။

Source- Agencies
#ဥက္ကာ #MeKongNews
Photo-

Leave a comment

Design a site like this with WordPress.com
Get started