
ဘေကျင်း၊ ဇန်နဝါရီ ၂၉
ဝူဟန်ဗိုင်းရပ်စ်ကြောင့် သေဆုံးသူအရေအတွက်မှာ ၁၃၂ဦးအထိ ရှိလာပြီဖြစ်ကြောင်း တရုတ်နိုင်ငံ ဆေးဘက်ဆိုင်ရာ တာဝန်ရှိသူများက ဗုဒ္ဓဟူးနေ့ အစောပိုင်းကပြောသည်။
ရောဂါကူးစက်ခံရသူ အရေအတွက်မှာလည်း ၅၉၇၄ ဦီးရှိလာပြီဖြစ်ကြောင်း တာဝန်ရှိသူများက ထုတ်ဖော် ပြောကြားသည်။
အဆိုပါ ကူးစက်ခံရသူ ပမာဏသည် လွန်ခဲ့သည့် ၁၇နှစ်က ဖြစ်ပွားခဲ့သည့် ကပ်ရောဂါဆိုး ဆားစ် ကူးစက်ခံရသူ ၅၃၂၇ ဦးထက် ကျော်လွန်သွားပြီဖြစ်သည်။
သေဆုံးသူအများစုမှာ ရောဂါစတင်ရာ ဝူဟန်မြို့တည်ရှိသည့် ဟူဘိုင်းခရိုင်မှ ဖြစ်သည်။ အဆိုပါခရိုင်တွင် ဆေးကုသဆောင် ၂၅ဆောင် ထပ်မံတိုးချဲ့ထားသည်။
Ref: Bloomberg
#MeKongNews