ဆာမွတ်ပရာခန်း၊ ဇန်နဝါရီ ၂၉

လူမှုကွန်ရက်တွင်ပြန့်နှံ့နေသောသု၀ဏ္ဏဘူမိလေဆိပ်တွင်တရုတ်ခရီးသည်တစ်ယောက်လဲကျခဲ့ခြင်းမှာ ကိုရိုနာဗိုင်းရပ်စ်ပြန့်ပွားမှုနှင့်မသက်ဆိုင်ကြောင်း လေဆိပ်အရာရှိတစ်ယောက်ကပြောသည်။

ပထမဆုံးပုံတင်ခဲ့သူမှာ Wa Saranpatဆိုသူဖြစ်ပြီး ဘန်ကောက်၏အဓိကနိုင်ငံတကာလေဆိပ်ထဲမှ ဘဏ်တစ်ဘဏ်ရှေ့တွင် ဆေး၀န်ထမ်းများက ထိုတရုတ်လူမျိုးကို၀န်းရံထားခြင်းကိုရိုက်ကူးထားခြင်းဖြစ်သည်။

ထိုင်းနိုင်ငံသားအင်တာနက်အသုံးပြုသူများက ထိုပုံကိုပြန်ဝေမျှခဲ့ပြီး အင်္ဂါနေ့တွင် ကူးစက်သူ ၁၄ ယောက်ရှိကြောင်းထိုင်းနိုင်ငံအတည်ပြုထားသည့် ကိုရိုနာဗိုင်းရပ်စ်ပြန့်နှံ့မှုနှင့်ချိတ်ဆက်ပြောဆိုနေကြသည်။

ထိုတရုတ်လူမျိုးမှာ အရက်မူးနေကြာင်း လေဆိပ်အထွေထွေမန်နေဂျာဆူသီရာ၀တ် ဆူဝါနာ၀တ်က ဗုဒ္ဓဟူးနေ့တွင်ပြောသည်။

တနင်္လာနေ့ညကဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ထိုတရုတ်နိုင်ငံသားခရီးသည်က အရက်မူးနေပြီး အိပ်ပျော်ခဲ့သည့်နောက် ခုံပေါ်မှပြုတ်ကျခဲ့သည်ဟု ဆူသီရာ၀တ်ကပြောသည်။

ထိုလူကိုဆေးရုံပို့ခဲ့ပြီးနောက် ဗိုင်းရပ်စ်ပိုးကူးစက်ခံရခြင်းမရှိကြောင်း အတည်ပြုနိုင်ခဲ့ပြီး ပုံနဲ့လူတွေကိုအမြင်မှားစေရန် အမှားပြောဆိုခဲ့သူကို တရားဥပဒေအရအရေးယူရန် စီစဉ်နေကြောင်းလည်း ဆူသီရာ၀တ်ကပြောသည်။

SOURCE- KHAOSOD
#ဥက္ကာ #MEKONGNEWS
PHOTO- Wa Saranpat / Facebook

Leave a comment

Design a site like this with WordPress.com
Get started