
The Hague၊ ဇန်နဝါရီ ၂၉
ကုလသမဂ္ဂလူမျိုးတုန်းသတ်ဖြတ်မှုဆိုင်ရာသဘောတူစာချုပ်ကို မြန်မာနိုင်ငံချိုးဖောက်သည်ဟုဆိုကာ ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံကို စွဲချက်တင်ခဲ့သည့်အမှုအတွက် ကနဦးကြားနာရမည့်နေ့ရက်များကို ဇန်နဝါရီ ၂၈ ရက် အဂ်ါနေ့တွင် နိုင်ငံတကာတရားရုံးICJက ကြေညာသည်။
ယခုနှစ်ဇူလိုင် ၂၃ ရက်တွင် စွဲချက်တင်သည့်ဂမ်ဘီယာနိုင်ငံက ပထမဆုံးလျှောက်လဲမည်ဖြစ်ပြီး ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီ ၂၅ ရက်တွင် မြန်မာနိုင်ငံက ချေပလျှောက်လဲရမည်ဖြစ်သည်။
အစ္စလာမ်မစ်ပူးပေါင်းဆောင်ရွက်ရေးအသင်း OICကိုယ်စား ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံကိုပြီးခဲ့သည့်နိုဝင်ဘာတွင် စွဲချက်တင်ခဲ့ပြီး ဇန်နဝါရီ ၂၃ ရက်တွင် ကြားဖြတ်ကြိုတင်ကာကွယ်ရေးအစီအစဥ် ၄ ချက်ကို မြန်မာနိုင်ငံလိုက်နာရမည်ဟု ICJက ဆုံးဖြတ်ခဲ့သည်။
#ဥက္ကာ
#MeKongNews