
ရန်ကုန်၊ ဇန်နဝါရီ ၃၁
တရုတ်နိုင်ငံမှ ရန်ကုန် မင်္ဂလာဒုံလေဆိပ်သို့ ဆိုက်ရောက်သည့် လေယာဉ်ပေါ်တွင် ဝူဟန်ဗိုင်းရပ်စ် သံသယရှိ လူနာတစ်ဦးကို ဇန်နဝါရီလ ၃၁ရက် နေ့လည်ပိုင်းက တွေ့ရှိကြောင်း ကနဦးသိရသည်။
သံသယရှိလူနာကို မြောက်ဥက္ကလာပမြို့နယ်ရှိ ဝေဘာဂီ ကူးစက်ရောဂါကုဆေးရုံသို့ တင်ပို့ထားပြီး လေယာဉ်ပေါ်မှ လူများကို ဆင်းခွင့်မပေးသေးကြောင်း သိရသည်။
(ဆက်လက်ဖော်ပြပါမည်)
Updated at 3:00 PM
လေယာဉ်ပေါ်ပါလာသည့် တရုတ်နိုင်ငံသားများကို ပြည်ဝင်ခွင့်မပေးဘဲ တရုတ်နိုင်ငံသို့ ပြန်လည်စေလွှတ်မည်ဖြစ်ကြောင်း သိရသည်။
(ဆက်လက်ဖော်ပြပါမည်)
#MeKongNews
Photo – Zaw Latt