ဘန်ကောက်၊ ဇန်နဝါရီ ၃၁

တရုတ်နိုင်ငံသို့ခရီးသွားခဲ့သည့်မှတ်တမ်းမရှိသူတစ်ယောက်အပါအဝင် လူ ၅ ယောက်ကို စစ်ဆေးခဲ့ရာ ဝူဟန်ကိုရိုနာဗိုင်းရပ်စ်2019-nCoVကူးစက်ခံထားသူတစ်ယောက်တွေ့ရှိခဲ့သည်ဟု ထိုင်းရောဂါထိန်းချုပ်ရေးဌာနကပြောသည်။

​ထိုင်းနိုင်ငံတွင်း ပထမဆုံးလူလူချင်းကူစက်ခံရသူမှာ ထိုင်းလူမျိုးအငှားယာဉ်မောင်းတစ်ယောက်ဟုအတည်ပြုသော်လည်း အသေးစိတ်များကို ဌာနဒုတိယညွှန်ကြားရေးမှူး တာနာရက် ပီပတ်က ပြောဆိုခဲ့ခြင်းမရှိချေ။

ယခုဖြစ်ရပ်ကြောင့် ထိုင်းနိုင်ငံတွင် ကူးစက်ခံရသူ ၁၉ ယောက်ရှိလာသည်။

ယခုကူးစက်ခံရသည့်အငှားယာဥ်မောင်းမှအပ ကျန်သူများမှာ ဝူဟန်မြို့ရှိသည့်ဟူဘေးပြည်နယ်မှတရုတ်လူမျိုးများဖြစ်သည်။

ထိုယာဉ်မောင်းနှင့်အနီးကပ်ထိတွေ့နေသည့်မိသားစုဝင် ၅ ယောက်နှင့် ခရီးသည် ၈ ယောက်ကိုလည်း ကူးစက်နိုင်ကြောင်းသံသယဖြင့်စောင့်ကြည့်နေသည်။

ယခုတစ်ပတ်အစောပိုင်းက ထိုင်းတွင် ကိုရိုနာဗိုင်းရပ်စ်သစ်ကို ရာနှုန်းပြည့်ထိန်းချုပ်မည်ဟုပြောထားသောထိုင်းဝန်ကြီးချုပ်ပရာရွတ် ချန်အိုချာက ယခုဖြစ်ရပ်အတွက် ရုတ်ခြည်းမှတ်ချက်မပြုသေးပေ။

တရုတ်နိုင်ငံပြင်ပတွင် ဂျပန်နှင့်ဂျာမနီပြီးနောက် ထိုင်းသည် တတိယမြောက်လူလူချင်းဗိုင်းရပ်စ်ကူးစက်သည့်နိုင်ငံဖြစ်လာသည်။

Source- Khaosod
#ဥက္ကာ  #MeKongNews
Photo- Khaosod

Leave a comment

Design a site like this with WordPress.com
Get started