
စင်ကာပူ၊ ဇန်နဝါရီ ၃၁
မကြာသေးခင်က တရုတ်နိုင်ငံသွားရောက်ခဲ့သည့်မှတ်တမ်းရှိသောခရီးသည်များကို ပြည်ဝင်ခွင့်ရပ်ဆိုင်းရန်နှင့် တရုတ်နိုင်ငံကူးလက်မှတ်ကိုင်ဆောင်သူများကို ဗီဇာဆိုင်းငံ့ရန်စီစဥ်နေသည်ဟု စင်ကာပူနိုင်ငံက သောကြာနေ့တွင် ကြေညာသည်။
စနေနေ့တွင်စတင်သက်ရောက်မည့်ပိတ်ဆို့မှုတွင် စင်ကာပူဒေသခံများနှင့် အလုပ်ပါမစ်ကိုင်ထားသူများကို ကင်းလွတ်ခွင့်ပြုမည်ဟုလည်း စင်ကာပူကျန်းမာရေးဝန်ကြီးဌာနကထုတ်ပြန်သည်။
စင်ကာပူမှလေယာဥ်ပြောင်းစီးသူများလည်း အကြုံးဝင်ကြောင်းပြောသည်။
စနေနေ့ည ၁၁နာရီ ၅၉ မိနစ်တွင် ဗီဇာဆိုင်းငံမှုချက်ချင်းအသက်ဝင်မှုဖြစ်သဖြင့် ခရီးသွားများကို ကြိုတင်သတိပေးထားနိုင်ရန်ထုတ်ပြန်ခြင်းဖြစ်သည်ဟု South China Morning Post သတင်းစာ က ဖော်ပြသည်။
စင်ကာပူ၏အကြီးဆုံးကုန်သွယ်ဖက်မှာ တရုတ်နိုင်ငံဖြစ်ပြီး စင်ကာပူသည် တရုတ်ခရီးသွားများကြားရေပန်းစားသောနေရာတသ်နေရာထြစ်သည်။
စင်ကာပူခရီးသွားဘုတ်အဖွဲ့ထုတ်ပြန်ချက်အရ ပြီးခဲ့သည့်နိုဝင်လာတွင် စင်ကာပူသို့တရုတ်ပြည်မကြီးမှလာရောက်သူ ၂၄၈၀၀၀ ယောက်ရှိသည်။
သောကြာနေ့အထိ စင်ကာပူတွင် ကိုရိုနာဗိုင်းရပ်စ်သစ်2019-nCoVကူးစက်ခံရသူ ၁၁ ယောက်ရှိပြီး ဝူဟန်မြို့မှ လာရောက်သူများဖြစ်သည်။
လက်ရှိအချိန်အထိ လူထုအကြားကူးစက်မှုမရှိကြောင်း စင်ကာပူကျန်းမာရေးအာဏာပိုင်များအလေးပေးပြောဆိုသည်။
Source- Bangkok Post
ဥက္ကာ #MeKongNews
Photo- Bloomberg