
ရန်ကုန်၊ ဇန်နဝါရီ ၃၁
ဝူဟန်ဗိုင်းရပ်စ် ကူးစက်ခံထားရသည်ဟု သံသယဖြစ်ဖွယ် လူနာလိုက်ပါလာသည့် China Southern Airline လေကြောင်းမှ လေယာဉ်ဖြင့် ရန်ကုန်သို့ လိုက်ပါလာသည့် တရုတ်ခရီးသည်အားလုံး မူလထွက်ခွာရာလေဆိပ်သို့ အဆိုပါလေယာဉ်ဖြင့် ပြန်သွားကြောင်း ရန်ကုန်လေဆိပ်မှသိရသည်။
လေယာဉ်ပေါ်တွင် တရုတ်ခရီးသည်နှင့် မြန်မာ ခရီးသည် ၈၀ ဦးကျော်ပါဝင်လာပြီး သံသယလူနာ တရုတ်ခရီးသည်တဦးကို ဝေဘာဂီဆေးရုံသို့ ပို့ဆောင်ထားပြီး ကျန်တရုတ်ခရီးသည် အားလုံးမှာ ၎င်းတို့ဆန္ဒအလျောက် မူလထွက်ခွာရာ တရုတ်နိုင်ငံသို့ ညနေ ၃နာရီ ၄၅မိနစ်ခန့်က ပြန်သွားကြောင်း ရန်ကုန်လေဆိပ်အထွေထွေမန်နေဂျာ ဦးစိုးပိုင်ကပြောသည်။
အဆိုပါေလယာဉ်ဖြင့် မြန်မာနိုင်ငံသို့ ပြန်လာသည့် မြန်မာနိုင်ငံသား ၂ဦးကိုမူ လိုအပ်သည့်စမ်းသပ်မှုများပြုလုပ်ရန် ဝေဘာဂီဆေးရုံသို့ ပို့ဆောင်ထားကြောင်းသိရသည်။
#MeKongNews