​ဘေကျင်း၊ ဖေဖော်ဝါရီ ၁

လူအသေအပျောက်များနေသည့် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုကို တရုတ်နိုင်ငံတုံ့ပြန်ပုံနှေးခဲ့တာကြောင့် ကူးစက်မှုပို​မြန်ခဲ့ကြောင်း ဝူဟန်မြို့အကြီးဆုံးအရာရှိ ကွန်မြူနစ်ပါတီမြို့တော်အတွင်းရေးမှူးက သောကြာနေ့တွင် ဝန်ခံခဲ့သည်။

ဇန်နဝါရီ ၃၁ ရက်အထိ ဗိုင်းရပ်စ်ကြောင့် တရုတ်နိုင်ငံမှာ သေဆုံးသူ ၂၅၉ ယောက်ရှိနေပြီး ကူးစက်ခံထားရသူ ၁၁၇၉၁ ယောက်ရှိနေသည်။

ဇန်နဝါရီ ၃၀ ရက်ထက် သေဆုံးသူ ၄၆ ယောက်ပိုများလာပြီး ချုံကင်းကလူတစ်ယောက်မှအပ ထပ်တိုးသေဆုံးသူအားလုံး ဝူဟန်ကဖြစ်သည်။

ဗိုင်းရပ်စ်စပြန့်တဲ့ဝူဟန်မြို့မှာ ကျန်းမာရေး အရေးပေါ်အခြေအနေကိုင်တွယ်တဲ့ပုံစံကို တရုတ်နိုင်ငံသားတွေက လူမှုကွန်ရက်မှာဝေဖန်နေကြသည်။

သီတင်းပတ်တွေပိုစောပြီး ဗိုင်းရပ်စ်ကူးစက်မှုကိုသိပေမဲ့ ၂၀၁၉ နှစ်ကုန်အထိ ကူးစက်မှုနဲ့ပတ်သက်တဲ့သတင်းအချက်အလက်တွေကိုဖုံးဖိထားတယ်ဆိုပြီး ဝူဟန်အာဏာပိုင်တွေကို ဝေဖန်နေကြခြင်းဖြစ်သည်။

လက်ရှိမှာ အပြစ်ရှိသလိုခံစားနေရပြီး ကိုယ့်ကိုယ်ကိုအပြစ်တင်မိတယ်လို့ ပါတီအတွင်းရေးမှုမာဂေါင်ကျွင်းက ပြောပါသည်။

ပိုတင်းကြပ်တဲ့ထိန်းချုပ်ရေးလုပ်ငန်းစဉ်တွေလုပ်ခဲ့ရင် အခုထက်ရလဒ်ပိုကောင်းနေမယ်လို့လည်း တရုတ်အစိုးရပိုင်CCTVရုပ်သံနဲ့တွေ့ဆုံမေးမြန်းချိန်မှာ မာကပြောပါသည်။

ဇန်နဝါရီ ၂၃ ရက်ကစပြီး လူ ၅၆ သန်းလောက်နေထိုင်ကြ​သော ဝူဟန်နဲ့ ဟူဘေးပြည်နယ်ကပတ်ဝန်းကျင်မြို့များကို ဝင်ထွက်ခွင့်ပိတ်ထားသည်။

သို့​သော် အမေရိကန်တွင် အများပြည်သူဆိုင်ရာကျန်းမာရေးအရေးပေါ်အခြေအနေကြေညာပြီး တရုတ်နိုင်ငံသား​တွေကိုဝင်ခွင့်ပိတ်လိုက်တဲ့အပြင် အဓိကအမေရိကန်လေကြောင်းလိုင်းတွေကလည်း တရုတ်နိုင်ငံခရီးစဉ်တွေ ဖျက်သိမ်းလိုက်ပါသည်။

စနေနေ့မနက်ပိုင်းမှာ အိန္ဒိယနိုင်ငံသား ၃၀၀ ကျော်ကိုတင်သွားတဲ့လေယာဉ် ဝူဟန်မြို့မှ နယူးဒေလီမြို့ကိုထွက်ခွာသွားသည်။

စပိန်နိုင်ငံတွင်လည်း ကူးစက်မှုရှိနေသည်။

Source- Agencies

ဥက္ကာ #MeKongNews

Photo- People’s Daily China

Leave a comment

Design a site like this with WordPress.com
Get started