နေပြည်တော်၊ ဖေဖော်ဝါရီ ၁

မြန်မာနိုင်ငံသို့လာရောက်မည့် တရုတ်နိုင်ငံမှ ကမ္ဘာလှည့်ခရီးသွားများအား ဆိုက်ရောက်ဗီဇာထုတ်ပေးခြင်းကို ယာယီရပ်ဆိုင်းလိုက်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ဖေဖော်ဝါရီလ ၁ရက်တွင် သတင်းထုတ်ပြန်လိုက်သည်။

တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဟူပေပြည်နယ်၊ ဝူဟန်မြို့မှ စတင်ဖြစ်ပွားခဲ့သည့် 2019 CoronaVirus (2019n-CoV) ကြောင့် အဆုတ်ရောင်ရောဂါ ကူးစက်ပြန့်ပွားမှုနှင့် ပတ်သက်၍ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး (WHO) မှ ကမ္ဘာလုံးဆိုင်ရာ အရေးပေါ်အခြေအနေအဖြစ် ဇန်နဝါရီလ ၃၀ ရက်နေ့မှ စတင်၍ ကြေညာခဲ့ပြီး မလိုအပ်ဘဲ ခရီးသွားလာခြင်း မပြုရန်နှင့် ကာကွယ်ကုသထိန်းချုပ်ရေး လုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်ကြရန် ထုတ်ပြန်ခဲ့သည်။

ယင်းသို့ ဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှု အထူးစိုးရိမ်ဖွယ်ရာ အခြေအနေသို့ ရောက်ရှိလာခြင်းကြောင့် လည်းကောင်း၊ မြန်မာနိုင်ငံ ပြည်သူပြည်သားများ၏ ကျန်းမာရေးအတွက် ယင်းကူးစက်ရောဂါကို ကာကွယ်ထိန်းချုပ်ရန်အတွက် လည်းကောင်း တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ မြန်မာနိုင်ငံသို့ လာရောက်ကြမည့် ကမ္ဘာလှည့်ခရီးသွားများအား ဆိုက်ရောက်ဗီဇာ (Visa on Arrival) ထုတ်ပေးခြင်းကို ယာယီရပ်ဆိုင်းထားရန် သက်ဆိုင်ရာဌာနများသို့ ယနေ့ အကြောင်းကြားထားခဲ့ပြီး ဖြစ်ပါကြောင်း အသိပေး ဖော်ပြအပ်ပါသည် ဟု နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

#MeKongNews

Leave a comment

Design a site like this with WordPress.com
Get started