Photo: Manila Public Information Office

မနီလာ၊ ဖေဖော်ဝါရီ ၄

ဖိလစ်ပိုင်နိုင်ငံမြို့တော် မနီလာတွင် ဖေဖော်ဝါရီ ၁ ရက်က တရုတ်လူမျိုးတစ်ယောက် လမ်းဘေးတွင်လဲကျနေပြီး ဝူဟန်ဗိုင်းရပ်စ်ကူးစက်ခံထားရကြောင်း ကောလဟာလများထွက်ပေါ်ခဲ့သော်လည်း လဲကျနေသူမှာ တောင်ကိုရီးယားနိုင်ငံသားဖြစ်ပြီး အရက်မူးလဲနေခြင်းသာဖြစ်ကြောင်း မနီလာမြို့တော် ပြည်သူ့သတင်းပြန်ကြားရေးဌာနက ထုတ်ပြန်သည်။

လမ်းထောင့်တွင်လဲကျနေသော ထိုလူကိုရိုက်ကူးသည့် ဗီဒီယို အင်တာနက်တွင်ပြန့်နှံ့ပြီး မနီလာမြို့ခံများ စိုးရိမ်နေကြချိန်တွင် ထုတ်ပြန်ခြင်းဖြစ်သည်။

ဆေးပညာဆိုင်ရာ ဝန်ထမ်းတစ်ဦးဖြစ်သည့် ဗီဒီယိုရိုက်ကူးသူက
နီးစပ်ရာဆေးရုံနှင့် ကြက်ခြေနီအဖွဲ့ကို အကြောင်းကြားသော်လည်း ထိုအဖွဲ့များက နိုင်ငံခြားတစ်ယောက်ကို မကူညီနိုင်ကြောင်း အမျိုးမျိုး အကြောင်းပြကြသည်ဟုလည်း ရိုက်ကူးသူကပြောသည်။

ရဲကိုအကြောင်းကြားသော်လည်း အကူအညီပေးရန် မည်သူ့ကိုမျှမလွှတ်ပေးခဲ့ကြောင်းလည်း ပြောသည်။

အချိန်ခဏအတွင်း ထိုနိုင်ငံခြားသား လဲနေရာမှထထွက်သွားသော်လည်း သူ့ပစ္စည်းများကျန်ခဲ့ကြောင်းလည်း ရှင်းပြသည်။

ထိုကိုရီးယားလူမျိုး နောက်ပိုင်းတွင် ရဲစခန်းရောက်လာပြီး ဗိုင်းရပ်စ်ကူးစက်ခံရသူဟု အမည်တပ်ထားသောသူ့ပုံနှင့် ဗီဒီယိုများပြန့်နေ့ခြင်းအတွက် အံ့သြမိကြောင်း ပြောခဲ့သည်ဟု မနီလာရဲတပ်ဖွဲ့ကပြောသည်။

သတင်းမှားတင်ခဲ့သူက သူ၏လူမှုကွန်ရက်တွင် လူသိရှင်ကြားတောင်းပန်ခဲ့ပြီး အရေးပေါ်အခြေအနေတွင် တုံ့ပြန်မှုမရခဲ့သောအခြေအနေကို ပြင်ဆင်သင့်ကြောင်း အကြံပြုပြောဆိုခဲ့သည်။

Source- Coconuts

ဥက္ကာ #MeKongNews

Photo- Manila Public Information Department

Leave a comment

Design a site like this with WordPress.com
Get started