ဟောင်ကောင်၊ ဖေဖော်ဝါရီ ၄

တရုတ်နိုင်ငံဟူဘေးပြည်နယ်၊ ဝူဟန်မြို့မှာစတင်တွေ့ရှိပြီး ကူးစက်နေသည့် နိုဗယ်ကိုရိုနာဗိုင်းရပ်စ်ကြောင့် တရုတ်ပြည်မကြီးပြင်ပတွင် ဒုတိယမြောက်လူသေဆုံးမှုရှိလာသည်။

အသက် ၃၇ နှစ်အရွယ်အမျိုးသားတစ်ဦး ဗိုင်းရပ်စ်ကူးစက်ပြီးနောက် ဆေးရုံတွင်ကုသမှုခံနေစဉ် ရုတ်တရက်နှလုံးရပ်သေဆုံးခဲ့ကြောင်း ဟောင်ကောင်မီဒီယာများတွင်ဖော်ပြသည်။

ထိုအမျိုးသားမှာ ဟောင်ကောင်တွင် ၁၃ ယောက်မြောက်အတည်ပြုနိုင်သည့်ကူးစက်ခံရသူဖြစ်ပြီး ဇန်နဝါရီ ၃၁ ရက်တွင် ဗိုင်းရပ်စ်ကူးစက်နေကြောင်းတွေ့ရှိခဲ့ရခြင်းဖြစ်သည်။

အဂ်ါ​နေ့လည်တွင် ​​ဟောင်ကောင်ကျန်းမာရေးနှင့်ဆေးရုံအာဏာပိုင်ဌာနက ပြုလုပ်မည့်သတင်းစာရှင်းလင်းပွဲတွင် အသေးစိတ်အချက်အလက်များကြေညာမည်ဟုလည်း ဟောင်ကောင်မီဒီယာများကဖော်ပြသည်။

တနဂ်နွေနေ့တုန်းကလည်း ဝူဟန်မြို့မှရောက်လာသည့်လူနာတစ်ဦး ဖိလစ်ပိုင်နိုင်ငံတွင်သေဆုံးခဲ့ပြီး တရုတ်ပြည်မကြီးပြင်ပတွင် ဗိုင်းရပ်စ်ကြောင့် ပထမဆုံးသေဆုံးမှုဖြစ်သည်။

တရုတ်ပြည်မကြီးမှဟောင်ကောင်သို့ဝင်ပေါက် ၁၃ ပေါက်မှ ၁၀ ပေါက်ကိုပိတ်သိမ်းပြီး ဗိုင်းရပ်စ်ကူးစက်မှုကိုထိန်းချုပ်မည်ဖြစ်ကြောင်း တနလ်ာနေ့တွင် ဟောင်ကောင်ခေါင်းဆောင်ကာရီ လမ်ကကြေညာခဲ့သည်။

ယနေ့အထိ ဝူဟန်ဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၄၂၅ ယောက်ရှိလာပြီး ကူးစက်ခံရသူ ၂၄၀၀၀ ကျော်ရှိလာသည်။

နောက်ထပ်နိုင်ငံနှင့်ဒေသ ၂၃ ခုတွင်လည်း ကူးစက်မှု ၁၅၁ ခုရှိနေသည်။

Source- HongKong Free Press
#ဥက္ကာ #MeKongNews
Photo- HongKong Free Press

Leave a comment

Design a site like this with WordPress.com
Get started