ဘန်ကောက်၊ ဖေဖော်ဝါရီ ၇

ကိုရိုနာဗိုင်းရပ်စ်ပြန့်ပွားမှုကြောင့် ခရီးသွားလုပ်ငန်းအကျရိပ်ပြနေကြောင်း ထိုင်းနိုင်ငံမြို့တော်ဘန်ကောက်ရှိ လူအများစည်ကားသော ပရာတူနမ်စျေးမှ ဆိုင်ပိုင်ရှင်များနှင့် လမ်းဘေးစျေးသည်များပြောသည်။

ခရီးသွားများနှင့် ထိုင်းလူမျိုးများကြား စျေးဆစ်ရခြင်း၊ အထည်အလိပ်များနှင့် လက်ဆောင်များကြောင့် လူသိများသောစျေးမှာ ကြာသပတေးနေ့နေ့လည်ပိုင်းတွင် ခြောက်ကပ်နေသည်။

ထိုင်းအစိုးရဝင်ရောက်ကူညီရန် အချို့ကုန်သည်များက တိုက်တွန်းနေသည်။

“ဗိုင်းရပ်စ်မတိုင်ခင်ထဲက ဆိုးနေတာ။ အခုကျပိုဆိုးသွားတယ်။ တရုတ်တွေ၊ ဗီယက်နမ်တွေ၊ စင်ကာပူတွေလည်း ကြောက်ကုန်ပြီ။ ထိုင်းတွေလည်း ထွက်မလာတော့ဘူး”ဟု အသက် ၄၃ နှစ်အရွယ်ပျံကျစျေးသည် ဆာဆီဝမ် ဆက်ချူအန်ရူထိုင်းက ပြောသည်။

ဗုဒ္ဓရုပ်ပွားတော်များမှ တီရှပ်များနှင့် မွေ့ထိုင်းလက်ဝှေ့ ဘောင်းဘီတိုများအထိ ရောင်းချသောအသက် ၅၂ နှစ်အရွယ် လက်ဆောင်ပစ္စည်းတိုင်ပိုင်ရှင် အေး ကလည်း “ဘာမှကောင်းကောင်းမရောင်းရပါဘူးဗျာ”ဟု ပြောသည်။

ကိုရိုနာဗိုင်းရပ်စ်ကြောင့် ထိုင်းစီးပွားရေးတွင် အဓိကလုပ်ငန်းကဏ္ဍဖြစ်သည့် ခရီးသွားလုပ်ငန်းကို ပြင်းပြင်းထန်ထန် ထိုးနှက်လိမ့်မည်ဟု ခန့်မှန်းနေကြပြီး ထိုင်းခရီးသွားဝင်ငွေ အဓိကရင်းမြစ်ဖြစ်သည့်တရုတ်နိုင်ငံကလည်း အဖွဲ့လိုက်ခရီးသွားတာကို တားမြစ်ထားသည်။

ယခုနှစ်အတွင်း ထိုင်းနိုင်ငံသို့ခရီးသွား ၉ သန်းခန့်လာရောက်မည်ဟု ထိုင်းခရီးသွားအာဏာပိုင်အဖွဲ့က ခန့်မှန်းထားသည်။

၂၀၁၉ ခုနှစ်ကခရီးသွားထက် လူ ၁၀ သန်း ပိုလျော့ကျမည်ဟု ခန့်မှန်းထားခြင်းဖြစ်ပြီး ဝင်ငွေဘတ် ၃.၃ ထရီလီယံပိုလျော့ကျရန်ရှိနေခြင်းဖြစ်သည်။

Source- Khaosod

ဥက္ကာ #MeKongNews

Photo- Khaosod

Leave a comment

Design a site like this with WordPress.com
Get started