ဘေကျင်း၊ ဖေ​ဖော်ဝါရီ ၈

ကိုရိုနာဗိုင်းရပ်စ်သစ် 2019-nCoVကို ထိန်းချုပ်နိုင်သည့်အရည်အချင်းနှင့် ယုံကြည်ချက်ရှိကြောင်း တရုတ်သမ္မတရှီကျင့်ပင်က အမေရိကန်သမ္မတဒေါ်နယ် ထရမ့်ကို သောကြာနေ့တွင်ပြောသည်။

ခေါင်းဆောင်နှစ်ဦး တယ်လီဖုန်းမှတစ်ဆင့် ဆွေးနွေးရာတွင် ပြောဆိုခဲ့ခြင်းဖြစ်သည်။

ဗိုင်းရပ်စ်စတင်ပြန့်နှံ့ချိန် နောက်ပိုင်း ဗိုင်းရပ်စ်ကိုရင်ဆိုင်ရန် တရုတ်အစိုးရနှင့် ပြည်သူများ ပူးပေါင်းအားထုတ်ထားပြီး တဖြည်းဖြည်းချင်း တက်ရိပ်ပြနေကြောင်းလည်း ရှီကပြောသည်။

ရေရှည်စီးပွားရေး တိုးတက်မှုထိန်းသိမ်းရန် တရုတ်နိုင်ငံ၏လမ်းကြောင်းလည်း ပြောင်းလဲမည်မဟုတ်ကြောင်း ရှီကပြောသည်။

ရှီ၏ဦးဆောင်မှုဖြင့် ရောဂါထိန်းချုပ်ရေးအောင်မြင်မည်ဟု မျှော်လင့်သည့်အပြင် အမေရိကန်မှ ကျွမ်းကျင်သူများ စေလွှတ်ရန်ရှိနေကြောင်း ထရမ့်က ရှီ့ကိုတုံ့ပြန်သည်။

စနေနေ့အထိ ကိုရိုနာဗိုင်းရပ်စ်ကြောင့် တရုတ်နိုင်ငံတွင် သေဆုံးသူ ၇၂၄ ယောက်ရှိပြီး ကူးစက်ခံရသူ ၃၄၀၀၀ ကျော်နေပြီဖြစ်သည်။

Source- Xinhua

ဥက္ကာ #MeKongNews

Photo- People’s Daily China

Leave a comment

Design a site like this with WordPress.com
Get started