
စင်ကာပူ၊ ဖေဖော်ဝါရီ ၉
တရုတ်နိုင်ငံမှစတင်ပြန့်နှံ့ခဲ့သည့်ကိုရိုနာဗိုင်းရပ်စ်သစ်အတွက် ကာကွယ်ဆေးဖော်စပ်နိုင်ရန် အမေရိကန်မှသြစတြေးလျအထိသိပ္ပံပညာရှင်များက နည်းပညာသစ်အသုံးပြုပြီး စံချိန်တင်အချိန်အတွင်းကြိုးစားနေကြသည်။
ကာကွယ်ဆေးများဖော်စပ်ရာတွင် ပုံမှန်အားဖြင့် နှစ်ချီကြာတတ်ပြီး တိရစ္ဆာန်များကိုစမ်းသပ်ရာတွင်ကြာညောင်းသကဲ့သို့ လူများကိုစမ်းသပ်ရာနှင့်ခွင့်ပြုချက်တောင်းခံရာတွင်လည်း စောင့်ဆိုင်းရတတ်သည်။
သို့သော် ပေါ်ထွက်လာသည့်ရောဂါများကိုတိုက်ခိုက်ရန်ရည်ရွယ်သည့်နိုင်ငံတကာပူးပေါင်းအဖွဲ့ကထောက်ခံပေးထားသော ကျွမ်းကျင်သူအဖွဲ့များစွာက မြန်မြန်ဖော်စပ်နိုင်ရန် ကြိုးပမ်းနေပြီး ၆ လအတွင်းအဆင်သင့်ဖြစ်နိုင်သည်ဟု သြစတြေးလျအဖွဲ့တစ်ဖွဲ့ကပြောသည်။
ဖိအားများသောအခြေအနေဖြစ်နေပြီး ဝန်ပိနေသည်များရှိနေကြောင်း သြစတြေးလျနိုင်ငံ၊ ကွင်းစ်တက္ကသိုလ်မှအဖွဲ့ဝင် အကြီးတန်းသုတေသီ ကိတ် ချတ်ပယ်ကပြောသည်။
အားထုတ်မှုများကို ကပ်ရောဂါကြိုတင်ပြင်ဆင်ထားမှုဖန်တီးမှုများပူးပေါင်းအဖွဲ့ CEPI ကထောက်ခံထားသည်။
ယနေ့အထိ ကိုရိုနာဗိုင်းရပ်စ်သစ်ကြောင့် တရုတ်ပြည်မကြီးတွင် သေဆုံးသူ ၈၁၁ ယောက်ရှိပြီး ကူးစက်ခံထားရသူ ၃၇၁၉၈ ယောက်ရှိနေသည်။
၂၀၀၃ ခုနှစ်က တရုတ်ပြည်မကြီးနှင့်ဟောင်ကောင်တွင်ဖြစ်ပွားခဲ့သောအလားတူကိုရိုနာဗိုင်းရပ်စ်ကြောင့်ဖြစ်သည့် ဆားစ်ရောဂါထက် သေဆုံးသူပိုများနေပြီဖြစ်သည်။
Source- AFP
#ဥက္ကာ #MeKongNews
Photo- People’s Daily China