တာချီလိတ်၊ ဖေဖော်ဝါရီ ၁၀

တာချီလိတ်မြို့၊ မိုင်းကိုးကျေးရွာအုပ်စု၊ ရန်ရှင်း(၄)ရွာ၌ ကြက်ဥ ခိုးစားသည်ဟုဆိုပြီး စကားများ ရန်ဖြစ်ရာမှ ဓါးဖြင့်ခုတ်သဖြင့် အမျိုးသားတစ်ဦး ဖေဖော်ဝါရီလ ၁၀ရက် နံနက်ပိုင်းက သေဆုံးသွားကြောင်း သိရသည်။

ဖေဖော်ဝါရီ ၁၀ ရက်နံနက် ၇ နာရီခွဲခန့် တာချီလိတ်မြို့၊ မိုင်း ကိုးကျေးရွာအုပ်စု၊ ရန်ရှင်း(၄)ရွာတွင် လီရှီး(၄၀ နှစ်)နှင့် မောရှေ(၆၀ နှစ်)တို့ နှစ်ဦးသည် နေအိမ်တဲ့၏ မီးဖိုချောင်အရှေ့ ကွပ်ပြစ်တွင် အတူထမင်းစားနေစဉ် လီရှီးမှ မောရှေအား ကြက်ဥ ခိုးစား သည်ဟု စွပ်စွဲရာမှ စကားများရန်ဖြစ်ကြပြီး မောရှေမှ တောင်ယာ ခုတ်ရန် ယူဆောင်လာသော ဓါးဖြင့် ခုတ်ရာ လီရှီးတွင် လည်ဂုတ် ပြတ်ရှဒဏ်ရာ တစ်ချက်ဖြင့် သေဆုံးသွားခဲ့ကြောင်း သိရသည်။

အမှုမှ ဓာဖြင့်ခုတ်သူ မောရှေ(၆၀ နှစ်)အား တာချီလိတ်မြို့မ ရဲစခန်းမှ အမှုဖွင့် အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။

MeKongNews

Leave a comment

Design a site like this with WordPress.com
Get started