Photo by The Nation

ဘန်ကောက်၊ ဖေဖော်ဝါရီ ၁၀

ကျန်းမာရေးသုံးနှာခေါင်းစည်းများကို ကုန်စည်နှင့်ဝန်ဆောင်မှု ဈေးနှုန်းများဆိုင်ရာ ဗဟိုကော်မတီ၏ သတ်မှတ်ဈေးထက် ပိုမိုတင်ရောင်းသည့် အရောင်းဆိုင်ရှင် (၄)ဦးကို ထိုင်းတွင် ဖမ်းဆီးလိုက်သည်။

ဘန်ကောက်ခရိုင်ပြင်ပရှိ ခရိုင် ၇၆ခုတွင် စီးပွားရေးအရာရှိများက ဖေဖော်ဝါရီလ ၉ရက်၌ ဈေးကွက် စုံစမ်းမှုများ ပြုလုပ်ခဲ့ကြောင်း စီးပွားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဘွန်ရာရစ် ကန်လာယနမစ်က ဖေဖော်ဝါရီ ၁၀ရက် သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

“၂ ယောက်က ဖူးခတ်ကပါ။ တစ်ယောက်က ချွန်ဘူရီက၊ နောက်တစ်ယောက်တော့ ဆူရတ်ဌာနီကပါ။ သူတို့ကို ရဲတပ်ဖွဲ့ဆီကို လွှဲပြောင်းပေးထားပြီး ကုန်စည်နဲ့ဝန်ဆောင်မှု ဈေးနှုန်းများဆိုင်ရာ ဥပဒေကို ဖောက်ဖျက်မှုနဲ့ တရားစွဲထားပါတယ်။ ဒီဥပဒေအရ အမြင့်ဆုံး ဒဏ်ငွေ ဘတ် ၁သိန်း၄သောင်း၊ ဒါမှမဟုတ် ထောင် ၇နှစ်၊ ဒါမှမဟုတ် ပြစ်ဒဏ် ၂ရပ်လုံးလည်း ကျနိုင်ပါတယ်” ဟု၎င်းက ပြောသည်။

လက်လီဈေးဆိုင်ပိုင်ရှင်များအနေဖြင့် ကုန်စည်နှင့်ဝန်ဆောင်မှု ဈေးနှုန်းများဆိုင်ရာ ဥပဒေကို တိတိကျကျ လိုက်နာရန်လည်း စီးပွားရေးအရာရှိများက အကြုံပြုခဲ့ကြောင်း အမြဲတမ်းအတွင်းဝန်က အကြံပြုသည်။

အဆိုပါဥပဒေတွင် ကုန်ပစ္စည်းများကို ခိုင်လုံသည့်အကြောင်းပြချက်မရှိဘဲ ဈေးမတင်ရန်၊ ဝယ်လိုအားမြင့်တက်နေသည့် ကုန်စည်များကို သိုလှောင်ထားခြင်း မပြုရန်နှင့် ပစ္စည်းတန်ဖိုးများကို မြင်သာသည့် နေရာတွင် ကပ်ထားရန် ပြဌာန်းထားသည်။

“စီးပွားရေးဆိုင်ရာအရာရှိတွေဟာ ဒုဝန်ကြီးချုပ်နဲ့ ကျန်းမာရေးဝန်ကြီးဖြစ်တဲ့ ကျူရင် လက်စနာဝိဆစ်ရဲ့ အမိန့်အတိုင်း သက်ဆိုင်ရာခရိုင်က ဈေးကွက်တွေထဲမှာ ကျန်းမာရေးသုံးနှာခေါင်းစည်း၊ အသင့်သုံးလက်ဆေးရည်နဲ့ ကျန်းမာရေးသုံပစ္စည်းတွေရဲ့ဈေးနှုန်းကို နေ့စဉ်စစ်ဆေးနေမှာပါ” ဟု အမြဲတမ်းအတွင်းဝန်က ပြောသည်။

ထို့ပြင် ဈေးနှုန်းမြှင့်တင်ရောင်းချမှုများကို ဖော်ထုတ်အရေးယူရန် အရေးပေါ်တုံ့ပြန်ဆောင်ရွက်မှုအဖွဲ့ကိုလည်း ဖွဲ့စည်းထားပြီး ဖြစ်ကြောင်း ၎င်းက ပြောသည်။

ပြည်သူများအနေဖြင့်လည်း ထုတ်လုပ်သူများ၊ လက်ကားသမားများ၊ လက်လီရောင်းသမားများ၏ မတန်တဆ အမြတ်ထုတ်မှုများကို ပြည်တွင်းကုန်သွယ်ရေးဦးစီးဌာန ဟော့လိုင်းနံပတ် ၁၅၆၉ သို့ ဆက်သွယ် သတင်းပေးနိုင်ကြောင်း သိရသည်။

Ref: The Nation Thailand
Photo: The Nation

MeKongNews

Leave a comment

Design a site like this with WordPress.com
Get started