
ချိုင်ရာဖုန်၊ ဖေဖော်ဝါရီ ၁၀
ကိုရတ်မြို့ရှိ ဈေးဝယ်စင်တာတစ်ခုတွင် လူ ၂၉ ယောက်ကို သေနတ်သမားတစ်ယောက်က ပစ်ခတ်ခဲ့ပြီးနောက် ဒေသတွင်း ဈေးဝယ်စင်တာနောက်တစ်ခုတွင် ပစ်ခတ်မည်ဟု ခြိမ်းခြောက်သူ တစ်ယောက်ကို ထိုင်းအရှေ့မြောက်ပိုင်းရှိ ရဲတပ်ဖွဲ့ဝင်များက ဖမ်းဆီးခဲ့သည်။
လူမှုကွန်ရက်တွင်တင်ခဲ့ပြီးနောက် ချိုင်ရာဖုန်ခရိုင်နေ ပီရာပတ် ချူဆန် ၂၈ နှစ်ကို ဖမ်းဆီးပြီး ဆိုက်ဘာမှုခင်းကျူးလွန်မှုဖြင့် စွဲချက်တင်ခဲ့သည်။
ထိတ်လန့်နေသည့် ထိုင်းနိုင်ငံသားအင်တာနက်အသုံးပြုသူများ ထံမှ တိုင်ကြားချက်များ လက်ခံရခဲ့ပြီးနောက် ခြေရာခံဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ထိုင်းရဲအရာရှိများက ပြောသည်။
“ကိုရတ်က တာမင်နယ် ၂၁ တော့ပြီးသွားပြီ။ ငါ့အလှည့်ပဲ။ ရော်ဘင်ဆန်ချိုင်ရာဖုန်” လို့ ပီရာပတ်က ပြောင်းတိုသေနတ် ၂ လက်ကိုပြသထားသည့် ပုံတွင်ရေးသားခဲ့သည်။
ချစ်သူနှင့် စကားများပြီးနောက် အရက်မူးနေသောကြောင့် ထိုစာများရေးသားခဲ့ခြင်းဖြစ်ကြောင်း ပီရာပတ်ကဝန်ခံခဲ့သည်ဆိုပြီး ရဲများကပြောသည်။
ကွန်ပြူတာပြစ်မှု အက်ဥပဒေကို ချိုးဖောက်ကြောင်း စွဲချက်တင်ထားကြောင်းလည်း ပြောသည်။
Source- Khaosod
ဥက္ကာ #MeKongNews
Photo- Khaosod